ယူကရိန်းအရှေ့ပိုင်းက ဆိုလေဒါမြို့ကို သိမ်းပိုက်နိုင်ခဲ့ဟု ရုရှားပြော၊ ကိယက်ဗ်ရှိ လူနေရပ်ကွက်ကို ရုရှား ဒုံးကျည် ထိမှန်

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဆားတူးဖော်ထုတ်လုပ်ရေးမြို့ဖြစ်တဲ့ ဆိုလေဒါမြို့ကို ရုရှားတပ်ဖွဲ့ဝင် တွေက သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရုရှားက ဇန်နဝါရီ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
နှစ်ဝက်ကြာ စစ်ရေးအရ ဆုတ်ယုတ်မှု များခဲ့ပြီးတဲ့နောက် ပထမဆုံးသော စစ်မြေပြင်က တိုးတက် မှုကို ရုရှားဘက်က အခိုင်အမာ ပြောလိုက်တာပါ။
ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဓိက အာရုံစိုက်ရာမြို့ကို ရုရှားတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီမြို့ကို သိမ်းပိုက်နိုင်လို့ အနောက်တောင်ဘက်က ဘတ်ခ်မွတ်မြို့ကြီးဆီသွားမယ့် ယူကရိန်း ထောက်ပံ့ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပြီး အဲဒီနေရာမှာ ကျန်နေတဲ့ ယူကရိန်းတပ် တွေကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်လို့လည်း ရုရှားက ပြောပါတယ်။
ဆိုလေဒါမြို့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ရုရှာကာကွယ်ရေး ဝန်ကြီးဌာနက ရက်တော်တော် ကြာအောင် နှုတ်ဆိတ်နေပြီးတဲ့နောက် ထွက်လာတဲ့ ကြေညာချက်ကို ရိုက်တာသတင်းဌာနက ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်ရဲ့ အပြင်ဘက်က ကိုပီးလစ်ဗ် ရွာထဲ လူနေရပ်ကွက်တစ်ခုကို ရုရှားဒုံးကျည် တစင်း ဇန်နဝါရီ ၁၄ ရက်က ထိမှန်ခဲ့တယ်လို့ ကိဗ်မြို့ ဒေသန္တရအုပ်ချုပ်ရေးမှူး အိုလက်ခ်စီ ခူလေဘာက ပြောပါတယ်။
ဒုံးကျည်နဲ့ တိုက်ခိုက်လို့ မြို့တော်ကနေ ကီလိုမီတာ ၃၀ အကွာက ရွာထဲမှာ ပေါက်ကွဲရာအဖြစ် ဧရာ မ ချိုင့်ကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး ပုဂ္ဂလိကပိုင် အိမ်အများအပြားမှာ ပြတင်းပေါက်တွေ အမိုးတွေ ပျက်စီး ခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှု အချက်ပေး ဥဩသံမမြည်ခင် ဗုံးပေါက်ကွဲသံတွေ ဆက်တိုက်ကြားခဲ့ရပြီး အလွန်ထူးခြားတယ်လို့ မြို့တော်က ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။
လေကြောင်းကနေ တိုက်ခိုက်တဲ့အခါ အချက်ပေး ဥသြသံက ဘာကြောင့် အသံမထွက်ရတာလဲ ဆိုတာနဲ့ ပတ်သက်လို့ ယူကရိန်း လေတပ်ပြောခွင့်ရ ယူရီ အစ်ဂနက်က ရှင်းပြရာမှာ ရုရှားရဲ့ ဒုံးကျည်တွေဟာ မြောက်ဘက်အမြင့်ကနေ ပဲ့ထိန်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ယူကရိန်းဟာ ပဲ့ထိန်းဒုံးကျည်တွေကို ဖော်ထုတ်ပစ်ချနိုင်ခြင်း မရှိသေးဘူးလို့လည်း သူက အွန်လိုင်း သတင်းဌာန ယူကရိန်းစ်ကာ ပရပ်ဗ်ဒါ ကို ပြောခဲ့ပါတယ်။