close

ဇာနီအိုလိုအတွက် ရိုးမားနှင့် စပါး သဘောတူညီမှု ရခဲ့သော်လည်း နည်းပြမော်ရင်ညို လက်မခံ

အီတလီတိုက်စစ်ကစားသမား ဇာနီအိုလိုကို ခေါ်ယူဖို့ စပါးအသင်းက သဘောတူညီမှု ရခဲ့ပေမဲ့ ရိုးမားနည်းပြ မော်ရင်ညိုက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

စပါးနည်းပြ ကွန်တီဟာ ရိုးမားအသင်းမှာ ခြေစွမ်းပြနေတဲ့ ဇာနီအိုလိုကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပြီး နှစ်သင်းကြားမှာလည်း သဘောတူညီမှု ရခဲ့ပါတယ်။

ဒါပေမဲ့ ရိုးမားနည်းပြ မော်ရင်ညိုက ကြားဖြတ်တားဆီးမှုကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာလို့ အီတလီသတင်းတွေမှာ ဖော်ပြပါတယ်။

စပါးအသင်းဘက်ကတော့ နည်းပြမော်ရင်ညိုကို ဖျောင်းဖျနိုင်ဖို့အတွက် ကွင်းလယ်လူ အန်ဒွန်ဘီလီကို အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ ကော်ရီယာဒယ်လိုစပေါ့က ဖော်ပြပါတယ်။

ပြင်သစ်လက်ရွေးစင်ဟောင်း အန်ဒွန်ဘီလီဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမဲ့ လိုင်ယွန်အသင်းဆီကို အငှားပြန်ကစားခဲ့ရတာပါ။ စပါးအသင်းဟာ အန်ဒွန်ဘီလီကို မက်လုံးတခုအနေနဲ့ ထည့်သွင်းကမ်းလှမ်းမယ်ဆိုရင် မော်ရင်ညိုအနေနဲ့ ဇာနီအိုလိုကို လက်လွှတ်ပေးဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

//
Up