close

ရီးယဲလ်မက်ဒရစ်

close

July 22, 2022

မန်ယူအသင်းဆီပြောင်းရွှေ့ခဲ့သည့်အပေါ် နောင်တရစရာ မရှိဟု နောက်ခံလူဗာရန်းပြော

မန်ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရစရာမရှိကြောင်းနောက်ခံလူ ဗာရန်း ကပြောပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ  ပြောင်းရွှေ့လာခဲ့သူပါ။

ပထမဆုံးရာသီမှာပဲ ဆိုးရွားတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ အသင်းပြောင်း ရွှေ့လာခဲ့တဲ့အပေါ်မှာ နောင်တရစရာမရှိကြောင်း ဗာရန်းက PA မီဒီယာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

“ဘောလုံးမှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ လိုအပ်ပြီး ခြေစွမ်းတိုးတက်မှုတွေရှိလာဖို့ ကြိုးစားဖို့လည်းလိုပါတယ်။ ၁ဝ နှစ်ကြာတဲ့အထိ အသင်းတစ်သင်းထဲမှာ ကစားခဲ့ပြီးချိန်မှာ နောက်ထပ် အတွေ့အကြုံတစ်ခုရယူချင်ခဲ့တယ်။ ပရီးမီးယားလိဂ်ကနှစ်သက်စရာကောင်းပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးရာသီ မဟုတ်ခဲ့ပေမဲ့ ဒီကိုပြောင်းရွှေ့လာခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် နောင်တရစရာမရှိပါဘူး” လို့  ဗာရန်းက ပြောပါတယ်။

အသက်၂၉ နှစ်ရှိဗာရန်းဟာ မနှစ်က ပရီးမီးယားလိဂ်ပွဲ ၂ဝ မှာပဲ ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။

3 mins Ago

September 2, 2021

လက်ကျန် ၃ နှစ်တွင် ရီးယဲလ်မက်ဒရစ်အတွက် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု ဟာဇက်ကတိပြု

စာချုပ်သက်တမ်း လက်ကျန် ၃နှစ်အတွင်းမှာ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ ရီးယဲလ်မက်ဒရစ်ကစား သမားဟာဇက်ကပြောပါတယ်။

ဟာဇက်ဟာ  ၂၀၁၉ ခုနှစ်က ချဲလ်ဆီးကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကိုပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေကြုံတွေ့ခဲ့ရပြီး အသင်းအတွက်ခြေစွမ်းပြသနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။

မက်ဒရစ်နဲ့ ပထမ ၂ နှစ်သက်တမ်းအတွင်းမှာ ခြေစွမ်းမပြနိုင်ခဲ့တာကို ဟာဇက်ကဝန်ခံခဲ့ပြီး လက်ကျန် ၃ နှစ်အတွင်းမှာ မိမိရဲ့တန်းဖိုးကို ပြသပြီး ပေးဆပ်ကစားသွားမယ်လို့ ဟာဇက်ပြောပါတယ်။ 

“ လူတွေက ကျနော်အမြဲတမ်းဒဏ်ရာရ နေတယ်လို့ပဲ ထင်ကြတယ်။ ဒါကလည်း အမှန်ပါပဲ။ ဒါပေမဲ့ ကျနော့် ကစားသမားဘဝကို ပြန်ကြည့်ရင် ၁ဝ နှစ်တာကာလအတွင်း ကျနော့်လောက်ပွဲ  အများကြီးကစားရတဲ့သူ သိပ်မရှိပါဘူး။ မက်ဒရစ်က ကျနော့်အတွက်ငွေတွေအများကြီးကုန်ခဲ့ပါတယ်။ အဲဒီအတွက် ပြန်လည်ပေးဆပ်ချင်တယ်” လို့ ဟာဇက်ကပြောပါတယ်။

အသက် ၃ဝ ရှိပြီဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ လာလီဂါပွဲ ၃ဝ သာ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၄ ဂိုးသာ ရရှိခဲ့ပါတယ်။

11 months Ago
Up