close

မန်ယူအသင်းဆီပြောင်းရွှေ့ခဲ့သည့်အပေါ် နောင်တရစရာ မရှိဟု နောက်ခံလူဗာရန်းပြော

မန်ယူနိုက်တက်အသင်းဆီပြောင်းရွှေ့ခဲ့တဲ့အပေါ် နောင်တရစရာမရှိကြောင်းနောက်ခံလူ ဗာရန်း ကပြောပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ ၂၀၂၁ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ  ပြောင်းရွှေ့လာခဲ့သူပါ။

ပထမဆုံးရာသီမှာပဲ ဆိုးရွားတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ အသင်းပြောင်း ရွှေ့လာခဲ့တဲ့အပေါ်မှာ နောင်တရစရာမရှိကြောင်း ဗာရန်းက PA မီဒီယာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

“ဘောလုံးမှာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ လိုအပ်ပြီး ခြေစွမ်းတိုးတက်မှုတွေရှိလာဖို့ ကြိုးစားဖို့လည်းလိုပါတယ်။ ၁ဝ နှစ်ကြာတဲ့အထိ အသင်းတစ်သင်းထဲမှာ ကစားခဲ့ပြီးချိန်မှာ နောက်ထပ် အတွေ့အကြုံတစ်ခုရယူချင်ခဲ့တယ်။ ပရီးမီးယားလိဂ်ကနှစ်သက်စရာကောင်းပြီး မန်ချက်စတာယူနိုက်တက်အသင်းကလည်း ကြီးကျယ်ခမ်းနားတဲ့အသင်းပါ။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးရာသီ မဟုတ်ခဲ့ပေမဲ့ ဒီကိုပြောင်းရွှေ့လာခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် နောင်တရစရာမရှိပါဘူး” လို့  ဗာရန်းက ပြောပါတယ်။

အသက်၂၉ နှစ်ရှိဗာရန်းဟာ မနှစ်က ပရီးမီးယားလိဂ်ပွဲ ၂ဝ မှာပဲ ပွဲထွက် ကစားခွင့်ရရှိခဲ့ပါတယ်။

//
Up