close

ရုတ်တရက်ရေကြီး

close

January 29, 2023

နယူးဇီးလန်မြောက်ဘက်ကျွန်းတွင် မိုးသည်းပြီး ရုတ်တရက်ရေကြီး၊ ၄ ဦးသေဆုံး

နယူးဇီလန်နိုင်ငံ မြောက်ဘက်ကျွန်းမှာ နောက်တကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဇန်နဝါရီလ ၂၉ ရက်က မြေပြိုတာတွေ၊ ရုတ်တရတ်ရေကြီးတာတွေနဲ့အတူ လမ်းပြတ်တောက်မှု တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ 

ဒီဖြစ်ရပ်အတွင်း ပျောက်ဆုံးနေသူ ၁ ဦးဟာ သေဆုံးသွားတယ်လို့ အတည်ပြုခဲ့ပြီးနောက် သေဆုံးသူအရေ အတွက် ၄ ဦးအထိ ရှိလာပါပြီ။ 

အိမ်ခြေထောင်နဲ့ချီဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပြီး ရာနဲ့ချီက ရေပြတ်တောက်နေကြသလို တချို့မိသားစုတွေကလည်း ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေ ကနေ ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့နေထိုင်ကြပါတယ်။ 

လူဦးရေ ၁.၆ သန်းနဲ့ နယူဇီလန်နိုင်ငံက အကြီးမားဆုံး မြို့တခုဖြစ်တဲ့ အော့ခ်လန်းမှာ ဇန်နဝါရီ ၂၇ ရက်က သမိုင်းတလျှောက် အစိုဆွတ်ဆုံးနေ့ရက်ကို ကြုံတွေ့ခဲ့ရပြီးနောက် နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေအောက်မှာ ဆက်ရှိနေပါတယ်။ 

နိုင်ငံပိုင် မိုးလေဝသ ခန့်မှန်းရေးဌာန Met Service က လာမယ့်တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ မြောက်ဘက်ကျွန်းဒေသအတွက် ပိုမို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားပြီး ပြင်းထန်တဲ့ မိုးရွာသွန်းမှုတွေကြောင့် လျှပ်တပြတ်ရေကြီးမှုနဲ့ ရေဖုံးလွှမ်းမှုတွေ လည်း ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

ဇန်နဝါရီ ၂၈ ရက် နှောင်းပိုင်းမှာ ကြေညာခဲ့တဲ့ နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ဗဟိုချက်ဟာ အော့ခ်လန်းမြို့ကနေ မိုင်ပေါင်း ၁၃၇ မိုင်အကွာမှာရှိတဲ့ နယူးဇီလန်တောင်ပိုင်းက ဝိုင်တိုမို ခရိုင်ဆီကို ရွေ့လျားလာခဲ့ပါတယ်။

10 hours Ago

December 27, 2022

ဖိလစ်ပိုင်တွင် ရုတ်တရက်ရေကြီး၊ လူ ၈ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၊ ဂင်းဂူမြို့မှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ရုတ်တရက်ရေကြီးပြီးတဲ့နောက် စေတနာ့ဝန်ထမ်းတွေဟာ ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေကို အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ နေရာရွှေ့ရာမှာ ကူညီခဲ့ပါတယ်။

ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က စီစဉ်တဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးအတွင်း ဒေသခံတွေက သူတို့ရဲ့ ရေနစ်နေတဲ့ အိမ်တွေက ပစ္စည်းတချို့ကို ဆယ်နေကြချိန်မှာ ကလေးတွေနဲ့  မွေးကင်းစ ကလေးတွေကို ခါးအောက်ပိုင်းထိ နက်တဲ့ ရေထဲကနေ သယ်ဆောင်သွားခဲ့ရပါတယ်။

သေဆုံးသူ ၈ ဦးရှိတယ်လို့ ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထုတ် စာစောင်မှာ အမျိုးသား သဘာဝဘေးအေဂျင်စီက ဖော်ပြခဲ့ပြီး သူတို့ထဲက ၅ ဦး ရေနစ်သေဆုံးကာ ၁၉ ဦး ပျောက်နေတယ်လို့ ဆိုပါတယ်။ 

သေဆုံးသူ ၈ ဦးထဲက  ၆ ဦးဟာ  တောင်တန်းနဲ့ ကမ်းရိုးတန်း ထူထပ်ရာ မီဆာမစ် အောက်စီဒန်တယ် ပြည်နယ်ထဲကပါ။

လူပေါင်း ၄၆၀၀၀ နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုလှုံနေကြတယ်လို့ လူမှုဝန်ထမ်း ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ  အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိတဲ့ ကျွန်းစုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှ အပူပိုင်း မုန်တိုင်း အကြိမ် ၂၀ လောက် ဖြစ်လေ့ရှိပါတယ်။ 

အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်ဟာ မြေပြို၊ ရေကြီးမှုတွေနဲ့အတူ ကောက်ပဲသီးနှံတွေလည်း ပျက်စီးစေတဲ့ မုတ်သုံမိုးတွေလို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ 

1 month Ago
Up