ဖိလစ်ပိုင်တွင် ရုတ်တရက်ရေကြီး၊ လူ ၈ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ၊ ဂင်းဂူမြို့မှာ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့က ရုတ်တရက်ရေကြီးပြီးတဲ့နောက် စေတနာ့ဝန်ထမ်းတွေဟာ ကလေးငယ်တွေနဲ့ မွေးကင်းစကလေးတွေကို အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ နေရာရွှေ့ရာမှာ ကူညီခဲ့ပါတယ်။
ဖိလစ်ပိုင် ကြက်ခြေနီအဖွဲ့က စီစဉ်တဲ့ ရှာဖွေကယ်ဆယ်ရေး စစ်ဆင်ရေးအတွင်း ဒေသခံတွေက သူတို့ရဲ့ ရေနစ်နေတဲ့ အိမ်တွေက ပစ္စည်းတချို့ကို ဆယ်နေကြချိန်မှာ ကလေးတွေနဲ့ မွေးကင်းစ ကလေးတွေကို ခါးအောက်ပိုင်းထိ နက်တဲ့ ရေထဲကနေ သယ်ဆောင်သွားခဲ့ရပါတယ်။
သေဆုံးသူ ၈ ဦးရှိတယ်လို့ ဒီဇင်ဘာ ၂၆ ရက် နောက်ဆုံးထုတ် စာစောင်မှာ အမျိုးသား သဘာဝဘေးအေဂျင်စီက ဖော်ပြခဲ့ပြီး သူတို့ထဲက ၅ ဦး ရေနစ်သေဆုံးကာ ၁၉ ဦး ပျောက်နေတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ၈ ဦးထဲက ၆ ဦးဟာ တောင်တန်းနဲ့ ကမ်းရိုးတန်း ထူထပ်ရာ မီဆာမစ် အောက်စီဒန်တယ် ပြည်နယ်ထဲကပါ။
လူပေါင်း ၄၆၀၀၀ နီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုလှုံနေကြတယ်လို့ လူမှုဝန်ထမ်း ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်မှာ အချက်အလက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိတဲ့ ကျွန်းစုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ် ပျမ်းမျှ အပူပိုင်း မုန်တိုင်း အကြိမ် ၂၀ လောက် ဖြစ်လေ့ရှိပါတယ်။
အရှေ့တောင်အာရှနိုင်ငံ ဖိလစ်ပိုင်ဟာ မြေပြို၊ ရေကြီးမှုတွေနဲ့အတူ ကောက်ပဲသီးနှံတွေလည်း ပျက်စီးစေတဲ့ မုတ်သုံမိုးတွေလို ဆိုးရွားတဲ့ ရာသီဥတုအခြေအနေတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။