close

ရုရှားတပ်

close

May 7, 2023

ဘတ်ခ်မွတ်မြို့ဆီ ချီတက်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်ကို ယူကရိန်းတိုက်ခိုက်

ယူကရိန်းစစ်သားတွေဟာ ဘတ်ခ်မွတ်မြို့  မြောက်ဘက်ဆီ ချီတက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားစစ်တပ်တွေကို  ဆိုဗီယက်လုပ် D-30 ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့  မေလ ၆ရက်က ပစ်ခတ်ခဲ့ပါတယ်။

ဘတ်ခ်မွတ်မြို့ မြောက်ဘက် ကီလိုမီတာ ၄၀ အကွာက စပီးယန်းရွာဆီကို ဦးတည်ပြီး ရုရှားတပ်ဖွဲ့နှစ်ဖွဲ့အထိ ချီတက်ခဲ့ကြတာလို့ အမြောက်တပ်မှူး ဗလာဒီစလာ့ဗ် ဟာမန် ကိဗ်စကီ က ဆိုပါတယ်။

သူတို့ချီတက်နိုင်အောင် ပံ့ပိုးပေးနေတဲ့ စက်သေနတ်တစ်လက်ကို  ဖျက်ဆီးခဲ့တယ်လို့ အီဟိုး ဆာဗီယက်ခ်က ပြောပါတယ်။ 

ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ကနေ ဆုတ်ခွာဖို့ မေလ ၅ ရက် မှာ ရုရှားရဲ့ အဓိက ကြေးစား စစ်အုပ်စုကအစီအစဉ်ကို ကြေညာခဲ့ပေမဲ့ယူကရိန်းအစိုးရကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေက လာမယ့်သီတင်းပတ်မှာ ရုရှားနိုင်ငံက  ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ နှစ်ပတ်လည်နေ့ မကျရောက်မီ မြို့ကို သိမ်းပိုက်ဖို့ အင်အား တိုးမြှင့်ထားတယ်လို့ ယူကရိန်းမြို့တော် ကိယက်ဗ်က ပြောပါတယ်။

14 mins Ago

April 9, 2023

ဒွန်ညက်ခ်ဒေသရှိ ရုရှားတပ်များကို ယူကရိန်းက အမြောက်များဖြင့် ပစ်ခတ်

ယူကရိန်းနိုင်ငံမြောက်ပိုင်း ဒွန်ညက်ခ်ဒေသရှိ လေးမန်းမြို့အနီးက သစ်တောတစ်ခုမှာ ဧပြီလ ၇ ရက်က ယူကရိန်းပိုင် ဟောင်ဝစ်ဇာအမြောက်တွေနဲ့ ရုရှားတပ်တွေကို ပစ်ခတ်ခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ပထမဆုံးသော ကြီးမားတဲ့ တန်ပြန်ထိုးစစ်အတွင်း လေးမန်းမြို့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ယူကရိန်းဘက်က ပြန်လည်သိမ်းယူနိုင်ခဲ့တာပါ။

ယူကရိန်းတပ်ဖွဲ့တွေဟာ လေးမန်းမြို့တောင်ဘက် ၂၈ မိုင်အကွာက ဘတ်ခ်မွတ်မြို့မှာ ရုရှားရဲ့ အပြင်းအထန် တိုက်ခိုက်မှုတွေကို လပေါင်းများစွာကြာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ဖို့ အတွက် လာမယ့်ရက်သတ္တပတ်တွေအတွင်း ဒါမှမဟုတ် လပိုင်းအတွင်းမှာ တန်ပြန်ထိုးစစ် စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ 

4 weeks Ago
Up