ဘတ်ခ်မွတ်မြို့ဆီ ချီတက်ရန် ကြိုးပမ်းနေသည့် ရုရှားတပ်ကို ယူကရိန်းတိုက်ခိုက်

ယူကရိန်းစစ်သားတွေဟာ ဘတ်ခ်မွတ်မြို့ မြောက်ဘက်ဆီ ချီတက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားစစ်တပ်တွေကို ဆိုဗီယက်လုပ် D-30 ဟောင်ဝစ်ဇာ လက်နက်ကြီးနဲ့ မေလ ၆ရက်က ပစ်ခတ်ခဲ့ပါတယ်။
ဘတ်ခ်မွတ်မြို့ မြောက်ဘက် ကီလိုမီတာ ၄၀ အကွာက စပီးယန်းရွာဆီကို ဦးတည်ပြီး ရုရှားတပ်ဖွဲ့နှစ်ဖွဲ့အထိ ချီတက်ခဲ့ကြတာလို့ အမြောက်တပ်မှူး ဗလာဒီစလာ့ဗ် ဟာမန် ကိဗ်စကီ က ဆိုပါတယ်။
သူတို့ချီတက်နိုင်အောင် ပံ့ပိုးပေးနေတဲ့ စက်သေနတ်တစ်လက်ကို ဖျက်ဆီးခဲ့တယ်လို့ အီဟိုး ဆာဗီယက်ခ်က ပြောပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဘတ်ခ်မွတ်မြို့ကနေ ဆုတ်ခွာဖို့ မေလ ၅ ရက် မှာ ရုရှားရဲ့ အဓိက ကြေးစား စစ်အုပ်စုကအစီအစဉ်ကို ကြေညာခဲ့ပေမဲ့ယူကရိန်းအစိုးရကတော့ သူ့ရဲ့ တိုက်ခိုက်ရေးသမားတွေက လာမယ့်သီတင်းပတ်မှာ ရုရှားနိုင်ငံက ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ နှစ်ပတ်လည်နေ့ မကျရောက်မီ မြို့ကို သိမ်းပိုက်ဖို့ အင်အား တိုးမြှင့်ထားတယ်လို့ ယူကရိန်းမြို့တော် ကိယက်ဗ်က ပြောပါတယ်။