ကိယက်ဗ်မြို့ပြင် သိုလှောင်ရုံတခု ရုရှားဗုံးထိမှန်ပြီး မီးလောင်ပျက်စီး

ကိယက်ဗ်မြို့အနီးရှိ သိုလှောင်ရုံတခု မတ် ၂၄ ရက်နေ့ ရုရှားတို့တိုက်ခိုက်တဲ့ ဗုံးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။
စတုရန်းမီတာ ၄၀၀၀ ကျော်ရှိတဲ့ သိုလှောင်ရုံတခု မနက် ၅ နာရီမှာ ဗုံးထိမှန်ပြီး ညနေ ၃ နာရီအထိ မီးသတ်တပ်ဖွဲ့တွေ မီးငြှိမ်းသတ်ခဲ့ရတာပါ။
ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဌာနက မီးသတ်သမားလွှတ်ပြီး ငြှိမ်းသတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုအခြေကိုတော့ မသိရသေးပါဘူး။
ကျူးကျော်တိုက်ခိုက်မှု ၁ လကျော်လာတဲ့အထိ ရုရှားတပ်တွေက မြို့တော်ကိယက်ဗ်ကို သိမ်းပိုက်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ရုရှားတင့်ကားတွေဟာ ကိယက်ဗ်မြို့အဝင် ဂိတ်တွေမှာ ခုခံမှုကို ရင်ဆိုင်နေရတာပါ။
ရုရှားတပ်ဘက်က အဆုံးရှုံးများပြီး ရိက္ခာထောက်ပံ့မှု ပြတ်လပ်နေပါတယ်။ သမ္မပူတင်က နောက်ဆုံး ဓာတုလက်နက်သုံးပြီး တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။