close

ရုရှား ဒုံးကျည်

close

September 6, 2022

ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် ခါကိဗ်မြို့က လူနေအဆောက်အအုံတခု ပျက်စီး

ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ်မြို့လယ်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာကြောင့် လူနေတိုက်ခန်း အဆောက်အအုံတခု ပျက်စီးသွားကြောင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ရုရှားနယ်စပ်နဲ့နီးကပ်နေတဲ့ ခါကိဗ်မြို့ဟာ ပဋိပက္ခတလျှောက်လုံး အဆက်မပြတ် ပစ်ခတ်မှုကို ခံနေရတာပါ။

အရေးပေါ်ဝန်ဆောင်မှုဌာနတွေက လူအနည်းငယ်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီးကြောင်းနဲ့ အသေးစားဒဏ်ရာတွေ ရခဲ့ကြပြီးတော့ ဆေးဘက်ဆိုင်ရာ ဌာနတွေဆီ လွှဲပြောင်းပေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး အိုလေး ဆင်နီဟူဘို့ဗ်က သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း ယူကရိန်းနိုင်ငံရဲ့ ခါကိဗ်ဒေသမှာ ရုရှားဒုံးကျည် ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဆင်နီဟူဘို့ဗ်က တယ်လီဂရမ်မှာ စက်တင်ဘာ ၆ ရက်က ရေးသားခဲ့ပါတယ်။ 

သီးခြားမက်ဆေ့ချ်တခုမှာတော့ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၆ ရက် မနက်မှာ ဒုံးကျည်တိုက်ခိုက်မှုအသစ်တခု ဖြစ်ပွားခဲ့ကြောင်းနဲ့ မြို့တော်အလယ်ပိုင်းရှိ လူနေတိုက်ခန်းတခု ပျက်စီးလုနီးပါးဖြစ်နေကြောင်း ပြောပါတယ်။

ယူကရိန်းနိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ဒီနေ့မနက် ထုတ်ပြန်ခဲ့ပြီး နီပရို ပေထရို့ဗ်စ်ခ် ဒေသမှာ လောင်စာဆီသိုလှောင်ရုံတခု ထိမှန်ခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

3 hours Ago

July 11, 2022

ဒွန်းနက်စ်ခ်ဒေသရှိ လူနေတိုက်ခန်း ရုရှားဒုံးကျည်ထိမှန်သဖြင့် ၁၅ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ခ်ဒေသမှာ ရုရှားစစ်တပ်ဘက်က ပစ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်တွေ လူနေတိုက်ခန်းကို ထိမှန်ခဲ့တာကြောင့် ၁၅ ယောက်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ရုံးက ရုံးအုပ်ကြီး အန်ဒရီ ယာမာခ်က  ဒါဟာ အကြမ်းဖက်သမား တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတခေဖြစ်တယ်လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်  ခရိုင်နှစ်ခု ပေါင်းကို ဒွန်းဘက်စ်ဒေသကြီးလို့ ခေါ်ပြီး စက်မှုလက်မှု ထွန်းကားတဲ့ ဒီဒေသကြီးဟာ စစ်မြေပြင်ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒီဒေသထဲမှာ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း လွှမ်းမိုးထားခဲ့ပြီး အခုတော့ ရုရှားက ဒွန်းဘက်စ်ဒေသကြီး တခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ 

ရုရှားက ပြောနေတဲ့ အထူးစစ်ဆင်ရေးဆိုတာဟာလည်း ဒီဒွန်းဘက်စ် ဒေသထဲကနေ ယူကရိန်းအစိုးရတပ်တွေကို အပြီးတိုင် တိုက်ထုတ်ရေးဟာ အဓိက ကျနေပါတယ်။ 

ဒါပေမဲ့ လေးလကျော်ကြာနေပြီး ဖြစ်တဲ့ ရုရှားရဲ့ “ အထူးစစ်ဆင်ရေး” ဟာ ရှေးဟောင်းခေတ်ပုံစံ နယ်မြေသိမ်းပြီး ကိုလိုနီပြုဖို့ ကြိုးပမ်းတဲ့ ကျူးကျော်စစ်ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက သတ်မှတ်ထားပါတယ်။

2 months Ago
Up