close

ရူဒီဂါ

close

June 21, 2022

ရီးရဲလ်အတွက် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု နောက်ခံလူသစ်ရူဒီဂါ ကတိပြု

ရီးရဲလ်မက်ဒရစ်အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်လို့ နောက်ခံလူသစ်ရူဒီဂါက ကတိပေးပြောကြားလိုက်ပါတယ်။ 

ဂျာမနီနောက်တန်းကစားသမား  ရူဒီဂါဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ ပြီးနောက် ရီးရဲလ်မက်ဒရစ်ဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။

တစ်ပတ် လုပ်ခ ပေါင် ၃၁၅,၀၀၀ နဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် အသင်းအတွက် အစွမ်းကုန်ပေး ဆပ်မယ်ဆိုတာကို ကတိပြုကြောင်းနောက်ခံလူရူဒီဂါကပြောပါတယ်။

သူ့မိဘတွေသာမရှိဘူးဆိုရင် ဒီနေရာကိုရောက်နိုင်မှာမဟုတ်လို့ မိဘတွေကို ကျေဇူးတင်ကြောင်း၊ ဒီလိုခမ်းနားကြီးကျယ်တဲ့အသင်းကြီးမှာ ကစားခွင့်ပေးခဲ့တဲ့ အသင်းဥက္ကဋ္ဌကိုလည်း ကျေးဇူးတင်ကြောင်း၊ ဒီအသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားသွားမယ်ဆိုတာ ကတိပြုပြီး ဆုဖလားတွေကိုလည်း ရနိုင်သမျှ ရယူချင်ကြောင်း ရူဒီဂါက ပြောပါတယ်။

ရီးရဲလ်အသင်း ဥက္ကဋ္ဌပီရက်ဇ်ကတော့ ရူဒီဂါဟာ ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ မိသားဝင်တစ်ဦးဖြစ်သွားပြီလို့ ဆိုသွားခဲ့ပါတယ်။

4 mins Ago

December 8, 2021

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါ ရီးရဲလ်မက်ဒရစ်ကိုပြောင်းဖို့ အကြိုသဘောတူညီမှုရရှိ

ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ အခုနှစ်ရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ဖို့ အကြို သဘောတူညီမှုရယူထားတယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်ရှိ ဂျာမန်နောက်ခံလူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

Independent သတင်းစာရဲ့ အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ ရူဒီဂါရဲ့ အစ်ကိုဖြစ်သူနဲ့ အေးဂျင့်တို့နဲ့ ဆွေးနွေးခဲ့ပြီး နှုတ်အားဖြင့်အကြိုသဘောတူညီမှု ရယူထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ရူဒီဂါဟာ ပြီးခဲ့တဲ့ရာသီက နည်းပြတူချယ်ရောက်ရှိလာပြီး နောက်ပိုင်း ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် စာချုပ်သက်တမ်းတိုးဖို့ အသင်းဘက်က ပျက်ကွက်ခဲ့တာပါ။ 

၂၀၁၇ ခုနှစ်က ရိုးမားကနေ ပြောင်းရွှေ့လာတဲ့ ရူဒီဂါဟာ ချဲလ်ဆီးအတွက် ၁၆၆ပွဲ ကစားထားပါတယ်။ နည်းပြတူချယ်ကတော့ ရူဒီဂါကို အသင်းမှာဆက်ရှိနေစေချင်ပေမယ့်  ဘယ်လိုဖြစ်လာမလဲဆို တော့ ပြောပြဖို့ခက်ခဲကြောင်း ပြောထားပါတယ်။

6 months Ago
Up