close

ရှက်တာဒိုးနက်

close

January 4, 2023

အာဆင်နယ်နှင့် ၅ နှစ်စာချုပ် ချုပ်ရန် ယူကရိန်းကြယ်ပွင့် မူဒရစ်ခ် အကြိုသဘောတူ

ယူကရိန်းကလပ် ရှက်တာဒိုးနက် တိုက်စစ်ကစားသမား မူဒရစ်ခ်ဟာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ မူဒရစ်ခ်အတွက် ပေါင်သန်း ၅၀ ကျော်နဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပြီးနောက် ပေါင် ၆၂ သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တာပါ။

ရှက်တာဒိုးနက်ဘက်က မူဒရစ်ခ်အတွက် ပေါင် ၈၅ သန်းအထိ အလိုရှိနေပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။

မူဒရစ်ခ်ဟာ အင်စတာဂရမ်အကောင့်မှာ အာဆင်နယ်ပွဲတိုင်းကို ကြည့်ရှုအားပေးနေကြောင်း အမြဲတမ်း ပို့စ်တင်လေ့ရှိသူပါ။

ရှက်တာဒိုးနက်မှာ နည်းပြတာဝန်ယူဖူးတဲ့ ဘရိုက်တန်နည်းပြ ဇီဒါဘီနဲ့ နည်းပြ အာတီတာတို့ကိုလည်း ခမ်းနားကြီးကျယ်တဲ့ နည်းပြနှစ်ဦးလို့ မူဒရစ်ခ်က ရေးတင်ခဲ့ဖူးပါတယ်။

15 mins Ago

April 10, 2022

ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်း ငြိမ်းချမ်းရေး ခြေစမ်းပွဲခရီးစဉ်များ စတင်

ယူကရိန်းထိပ်သီးကလပ် ရှက်တာဒိုးနက်အသင်းရဲ့ ငြိမ်းချမ်းရေးခြေစမ်းပွဲစဉ်တွေကို မနေ့က စတင်ကျင်းပခဲ့ပါတယ်။ 

ယူကရိန်းမှာရှိတဲ့ စစ်ဘေးရှောင်တွေကို လှူဒါန်းဖို့အတွက် ဖြစ်ပြီး စနေနေ့က ဂရိကလပ် အိုလံပီယာကော့စ်အသင်းနဲ့ စတင်ကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပါတယ်။ 

အဲဒီပွဲစဉ်ကနေ ရရှိလာတဲ့ ကွင်းဝင်ကြေးတွေကို ယူကရိန်းပြည်သူတွေအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ 

အိုလံပီယာကော့စ်အသင်း ပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ Gate 7 က တော့ ဒီခြေစမ်းပွဲအပေါ် သပိတ်မှောက်ခဲ့ပြီး နိုင်ငံရေးကစားပွဲစဉ်အပေါ် တဘက်မှာ နေဖို့ ငြင်းဆန်တယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။ 

ဘောလုံးကို ငြိမ်းချမ်းရေးအမှတ်အသားအဖြစ် အသုံးပြုခဲ့တာဖြစ်ပြီး စစ်ပွဲနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူစရာပွဲစဉ်ဖြစ်တယ်လို့ အိုလံပီယာကော့စ် အားကစားဒါရိုက်တာ ခရစ္စတီယန်က မှတ်ချက်ပေးခဲ့ပါတယ်။ 

ရှက်တာဒိုးနက်အသင်းဟာ ဂရိနိုင်ငံကနေတဆင့် ပိုလန်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး ဧပြီ ၁၄ ရက်မှာ ပိုလန်ကလပ် လေယာအသင်းနဲ့ ခြေစမ်းပွဲထပ်ကစားမှာပါ။ အဲဒီနောက် ဧပြီ ၁၉ ရက်မှာ တူရကီကလပ် ဖီနာဘာချီ၊ မေလ ၁ ရက်မှာ ခရိုအေးရှားကလပ် ဟိုက်ဒွပ် အသင်းနဲ့ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။ 

9 months Ago
Up