အာဆင်နယ်နှင့် ၅ နှစ်စာချုပ် ချုပ်ရန် ယူကရိန်းကြယ်ပွင့် မူဒရစ်ခ် အကြိုသဘောတူ

ယူကရိန်းကလပ် ရှက်တာဒိုးနက် တိုက်စစ်ကစားသမား မူဒရစ်ခ်ဟာ အာဆင်နယ်နဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုဖို့ အကြိုသဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။
အာဆင်နယ်ဟာ မူဒရစ်ခ်အတွက် ပေါင်သန်း ၅၀ ကျော်နဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းချက် ပယ်ချခံခဲ့ရပြီးနောက် ပေါင် ၆၂ သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တာပါ။
ရှက်တာဒိုးနက်ဘက်က မူဒရစ်ခ်အတွက် ပေါင် ၈၅ သန်းအထိ အလိုရှိနေပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။
မူဒရစ်ခ်ဟာ အင်စတာဂရမ်အကောင့်မှာ အာဆင်နယ်ပွဲတိုင်းကို ကြည့်ရှုအားပေးနေကြောင်း အမြဲတမ်း ပို့စ်တင်လေ့ရှိသူပါ။
ရှက်တာဒိုးနက်မှာ နည်းပြတာဝန်ယူဖူးတဲ့ ဘရိုက်တန်နည်းပြ ဇီဒါဘီနဲ့ နည်းပြ အာတီတာတို့ကိုလည်း ခမ်းနားကြီးကျယ်တဲ့ နည်းပြနှစ်ဦးလို့ မူဒရစ်ခ်က ရေးတင်ခဲ့ဖူးပါတယ်။