လက်စတာနည်ပြသစ်ဒိန်းစမစ်ဟာ အင်္ဂလန်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီကို လက်ထောက်နည်းပြအနေနဲ့ ခေါ်ယူသွားမယ်လို့သိရပါတယ်။
သူတို့နှစ်ဦးဟာ အက်စ်တွန်ဗီလာအသင်းမှာ အတူလက်တွဲခဲ့ဖူးပြီး လက်စတာနည်းပြ ဒိန်းစမစ်ဖြစ်လာချိန်မှာလည်း တယ်ရီကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့တာပါ။
နည်းပြချုပ်ဒိန်းစမစ်ဟာ လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချိန်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ရှိတ်စ်ပီယာကိုလည်း ပြန်လည်ခေါ်ယူမှာဖြစ်ပါတယ်။
နည်းပြသစ်ဒိန်းစမစ်ဟာ ဘရန့်ဖို့ဒ်၊ ဗီလာအသင်းတွေမှာ ၆ နှစ်ကြာတာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နောဝှစ်ချ်အသင်းကို တာဝန်ယူခဲ့တာပါ။
လက်စတာအသင်းရဲ့ ရာသီသိမ်းပွဲစဉ်တွေကို တာဝန်ယူခွင့်ရလို့ ကျေနပ်မိပြီး တန်းမဆင်းရရေး အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ဒိန်းစမစ်ကပြောသွားပါတယ်။ လက်စတာဟာလာမယ့်သီတင်းပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
နည်းပြဂရေဟမ်ပေါ်တာဟာ ချဲလ်ဆီးအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်စတာ အသင်းရဲ့ ကမ်းလှမ်းချက်ရခဲ့ပေမဲ့ ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။
လက်စတာအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ခရစ္စတယ်ပဲလေ့ကိုရှုံးနိမ့်အပြီးမှာ နည်းပြရော်ဂျာနဲ့ လမ်းခွဲခဲ့တာပါ။
လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူးအတွက် ချဲလ်ဆီးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြပေါ်တာနဲ့ အစားထိုးဖို့ စီစဉ်ခဲ့တာပါ။
ဒါပေမဲ့ နည်းပြဂရေဟမ်ပေါ်တာဟာ အသင်းတစ်သင်းကို တာဝန်ယူဖို့ ဆန္ဒမရှိသေးဘဲ အနားယူချင်သေးတာကြောင့် လက်စတာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာလို့သိရပါတယ်။
လက်စတာအသင်းဟာ လောလောဆယ်မှာယာယီနည်းပြနှစ်ဦးနဲ့ လေ့ကျင့်နေပြီး ခြေစွမ်းတိုးတက်လာခြင်းမရှိဘူးဆိုရင် နည်းပြသစ် ဆက်လက်ရှာဖွေသွားမှာပါ။
လက်စတာဟာ နောက်ဆုံး ၆ ပွဲမှာ ၅ ပွဲရှုံး၊ တစ်ပွဲသရေကျခဲ့ပြီး အဆင့် ၁၉ မှာ ရောက်ရှိနေတာဖြစ်ပါတယ်။