ဂျွန်တယ်ရီကို လက်စတာနည်းပြအဖွဲ့တွင် ပါဝင်ရန် ခေါ်ယူမည်

လက်စတာနည်ပြသစ်ဒိန်းစမစ်ဟာ အင်္ဂလန်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီကို လက်ထောက်နည်းပြအနေနဲ့ ခေါ်ယူသွားမယ်လို့သိရပါတယ်။
သူတို့နှစ်ဦးဟာ အက်စ်တွန်ဗီလာအသင်းမှာ အတူလက်တွဲခဲ့ဖူးပြီး လက်စတာနည်းပြ ဒိန်းစမစ်ဖြစ်လာချိန်မှာလည်း တယ်ရီကို ပြန်ခေါ်ဖို့ စီစဉ်ခဲ့တာပါ။
နည်းပြချုပ်ဒိန်းစမစ်ဟာ လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချိန်က လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ရှိတ်စ်ပီယာကိုလည်း ပြန်လည်ခေါ်ယူမှာဖြစ်ပါတယ်။
နည်းပြသစ်ဒိန်းစမစ်ဟာ ဘရန့်ဖို့ဒ်၊ ဗီလာအသင်းတွေမှာ ၆ နှစ်ကြာတာဝန်ယူခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နောဝှစ်ချ်အသင်းကို တာဝန်ယူခဲ့တာပါ။
လက်စတာအသင်းရဲ့ ရာသီသိမ်းပွဲစဉ်တွေကို တာဝန်ယူခွင့်ရလို့ ကျေနပ်မိပြီး တန်းမဆင်းရရေး အကောင်းဆုံး ကြိုးပမ်းသွားမယ်လို့ ဒိန်းစမစ်ကပြောသွားပါတယ်။ လက်စတာဟာလာမယ့်သီတင်းပတ်မှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။