ဘရန့်ဖို့ဒ်အသင်းရဲ့ ချေပဂိုးဟာ လူကျွံဘောဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြော သွားပါတယ်။
အာဆင်နယ်အသင်းဟာ ပွဲချိန် ၆၆ မိနစ်မှာ ကစားသမားသစ် ထရော့ဆတ်ရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ အိုင်ဗန်တိုနေးက ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပခဲ့တာပါ။
အဲဒီချေပဂိုးဟာ လူကျွံဘောဖြစ်နေတယ်ဆိုတာ ပြန်လည်ကြည့်ရှုအပြီးမှာတွေ့ရှိရကြောင်း နည်းပြ အာတီတာက ပြောပါတယ်။
“လူကျွံဘောဖြစ်ပေမယ့် ခွင့်ပြုလိုက်ရပြီဖြစ်လို့ ဒီချိန်မှပြောရတာက နောက်ကျလွန်းနေပါပြီ။ ကျနော်တို့ နှစ်မှတ်ဆုံးရူံးခဲ့တယ်”လို့ နည်းပြအာတီတာက ပြောပါတယ်။
အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပေမယ့်လည်း နေရာတိုင်းမှာတိုးတက်မှုတွေ ရှိလာဖို့ လိုအပ်နေဆဲဖြစ်ကြောင်း နည်းပြအာတီတာက မှတ်ချက်ပေးခဲ့ပါတယ်။
အာဆင်နယ်ဟာ ဒီပွဲသရေကျခဲ့လို့ ဒုတိယနေရာက မန်စီးတီးနဲ့ ၆ မှတ်ပဲကွာဟတော့တာ ဖြစ်ပါတယ်။
ဆော်ဒီနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက သူတို့အသင်းသမိုင်းတလျှောက် လူကျွံဘောအများဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပထမပိုင်းမှာကတည်းက လူကျွံဘော ၇ ကြိမ် အထိရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုးဟာလည်း ပယ်ဖျက်ခံခဲ့ရတာပါ။
ဆော်ဒီခံစစ်ဟာ အာဂျင်တီးနားကို High Line Deffence ပုံစံနဲ့ ကစားခဲ့ပြီး ပင်နယ်တီပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဆော်ဒီနဲ့ ပထမပိုင်းမှာပဲ လူကျွံဘော ၇ ကြိမ်ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက သူတို့ရဲ့ လူကျွံဘောအရေအတွက်ထက်တောင် များပြားခဲ့တာပါ။
ကမ္ဘာ့ဖလားသမိုင်းမှာ ပွဲစဉ်တစ်ပွဲတည်းမှာ လူကျွံဘောအများဆုံးဖြစ်ခဲ့တဲ့အသင်းက အင်္ဂလန်အသင်းဖြစ်ပြီး ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားက ကူဝိတ်နဲ့ပွဲစဉ်မှာ လူကျွံဘောအကြိမ် ၂၀ အထိ ဖြစ်ခဲ့တာပါ။
ဒါ့အပြင် အဲဒီကမ္ဘာ့ဖလားမှာပဲ ချက်ကိုစလိုဗက်ကီးယားက ကူဝိတ်နဲ့ပွဲမှာပဲ လူကျွံဘော ၁၈ ကြိမ်အထိ ရှိခဲ့ပါသေးတယ်။