close

ဘရန့်ဖို့ဒ်အသင်း၏ ချေပဂိုး လူကျွံဘောဟု နည်းပြအာတီတာပြော

ဘရန့်ဖို့ဒ်အသင်းရဲ့ ချေပဂိုးဟာ လူကျွံဘောဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြော သွားပါတယ်။

အာဆင်နယ်အသင်းဟာ ပွဲချိန် ၆၆ မိနစ်မှာ ကစားသမားသစ် ထရော့ဆတ်ရဲ့ဂိုးနဲ့  ဦးဆောင်ခဲ့ ပေမယ့် ပွဲချိန် ၇၄ မိနစ်မှာ အိုင်ဗန်တိုနေးက ခေါင်းတိုက်သွင်းဂိုးနဲ့ ချေပခဲ့တာပါ။

အဲဒီချေပဂိုးဟာ  လူကျွံဘောဖြစ်နေတယ်ဆိုတာ ပြန်လည်ကြည့်ရှုအပြီးမှာတွေ့ရှိရကြောင်း နည်းပြ အာတီတာက ပြောပါတယ်။

“လူကျွံဘောဖြစ်ပေမယ့် ခွင့်ပြုလိုက်ရပြီဖြစ်လို့ ဒီချိန်မှပြောရတာက နောက်ကျလွန်းနေပါပြီ။ ကျနော်တို့ နှစ်မှတ်ဆုံးရူံးခဲ့တယ်”လို့ နည်းပြအာတီတာက ပြောပါတယ်။

အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပေမယ့်လည်း နေရာတိုင်းမှာတိုးတက်မှုတွေ ရှိလာဖို့ လိုအပ်နေဆဲဖြစ်ကြောင်း နည်းပြအာတီတာက မှတ်ချက်ပေးခဲ့ပါတယ်။ 

အာဆင်နယ်ဟာ ဒီပွဲသရေကျခဲ့လို့ ဒုတိယနေရာက မန်စီးတီးနဲ့ ၆ မှတ်ပဲကွာဟတော့တာ ဖြစ်ပါတယ်။ 

Up