ဆော်ဒီနှင့်ပွဲတွင် အာဂျင်တီးနားအသင်း လူကျွံဘောအရေအတွက် စံချိန်သစ်တင်

ဆော်ဒီနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက သူတို့အသင်းသမိုင်းတလျှောက် လူကျွံဘောအများဆုံးပွဲစဉ်ဖြစ်ခဲ့ပါတယ်။
အာဂျင်တီးနားဟာ ပထမပိုင်းမှာကတည်းက လူကျွံဘော ၇ ကြိမ် အထိရှိခဲ့ပြီး သွင်းဂိုး ၃ ဂိုးဟာလည်း ပယ်ဖျက်ခံခဲ့ရတာပါ။
ဆော်ဒီခံစစ်ဟာ အာဂျင်တီးနားကို High Line Deffence ပုံစံနဲ့ ကစားခဲ့ပြီး ပင်နယ်တီပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
ဆော်ဒီနဲ့ ပထမပိုင်းမှာပဲ လူကျွံဘော ၇ ကြိမ်ဖြစ်ခဲ့တဲ့ အာဂျင်တီးနားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲက သူတို့ရဲ့ လူကျွံဘောအရေအတွက်ထက်တောင် များပြားခဲ့တာပါ။
ကမ္ဘာ့ဖလားသမိုင်းမှာ ပွဲစဉ်တစ်ပွဲတည်းမှာ လူကျွံဘောအများဆုံးဖြစ်ခဲ့တဲ့အသင်းက အင်္ဂလန်အသင်းဖြစ်ပြီး ၁၉၈၂ ခုနှစ် ကမ္ဘာ့ဖလားက ကူဝိတ်နဲ့ပွဲစဉ်မှာ လူကျွံဘောအကြိမ် ၂၀ အထိ ဖြစ်ခဲ့တာပါ။
ဒါ့အပြင် အဲဒီကမ္ဘာ့ဖလားမှာပဲ ချက်ကိုစလိုဗက်ကီးယားက ကူဝိတ်နဲ့ပွဲမှာပဲ လူကျွံဘော ၁၈ ကြိမ်အထိ ရှိခဲ့ပါသေးတယ်။