close

လူနေတိုက်ခန်း

close

December 11, 2022

ပြင်သစ်နိုင်ငံ ဂျာစီကျွန်းရှိ လူနေတိုက်ခန်းတွဲ ပေါက်ကွဲမှုဖြစ်ပြီ ၃ ဦး သေဆုံး

ပြင်သစ်နိုင်ငံမြောက်ပိုင်း ကမ်းလွန်ဒေသမှာရှိတဲ့ ဂျာစီကျွန်းပေါ်က လူနေတဲ့ တိုက်ခန်းတွဲ အဆောက်အအုံ တခုမှာ ဒီဇင်ဘာ ၁၀ ရက် အစောပိုင်းက ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး လူတစ်ဒါဇင်ဝန်းကျင် ပျောက်ဆုံးနေတယ်လို့ ရိုက်တာ သတင်းဌာနက  ဖော်ပြပါတယ်။

လက်ရှိမှာ ဒီဖြစ်ရပ်အတွင်း လူ ၃ ဦး သေဆုံးသွားပြီလို့ ဂျာစီပြည်နယ်ရဲတပ်ဖွဲ့ရဲ့ အရာရှိချုပ် ရော်ဘင်စမစ်တ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့တာပါ။

မီးငြိမ်းသွားပြီဖြစ်ပေမယ့် အသက်ရှင်ကျန်ရစ်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ ညတွင်းချင်း ရှာဖွေသွားမယ်လို့ စမစ်တ်က ဆိုပါတယ်။ 

အဲဒီအဆောက်အအုံမှာ နေထိုင်သူတွေက ဒီပေါက်ကွဲမှုမဖြစ်ပွားခင် ဂတ်စ်နံ့ရခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ကို အခင်းဖြစ်ရာဆီ လာရောက်ဖို့ ဆက်သွယ်ခဲ့တယ်လို့လည်း စမစ်တ်က အတည်ပြုပါတယ်။ 

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စမစ်တ်က မှတ်ချက်မပေးခဲ့ပေမယ့် စုံစမ်းစစ်ဆေး သွားမယ်လို့တော့ ပြောဆိုခဲ့ပါတယ်။ 

ဒီအခင်းဖြစ်ပွားရာ နေရာဟာ ဂျာစီကျွန်းရဲ့ မြို့တော် စိန့်ဟယ်လီယာရဲ့ ဆိပ်ကမ်းနားက သုံးထပ်တိုက် အဆောက်အအုံတစ်ခုဖြစ်ပြီး လုံးဝပြိုကျပျက်စီးသွားတယ်လို့လည်း စမတ်စ်က ဆိုပါတယ်။

ဂျာစီကျွန်းဟာ လူဦးရေ ၁ သိန်းကျော်နေထိုင်တဲ့ ဗြိတိသျှထီးနန်းလက်အောက်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံတခုလည်း ဖြစ်ပါတယ်။ 

9 mins Ago

July 11, 2022

ဒွန်းနက်စ်ခ်ဒေသရှိ လူနေတိုက်ခန်း ရုရှားဒုံးကျည်ထိမှန်သဖြင့် ၁၅ ဦးသေဆုံး

ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ခ်ဒေသမှာ ရုရှားစစ်တပ်ဘက်က ပစ်လိုက်တဲ့ ရော့ကတ်ဒုံးကျည်တွေ လူနေတိုက်ခန်းကို ထိမှန်ခဲ့တာကြောင့် ၁၅ ယောက်ထက် မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရသွားတယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။ 

ယူကရိန်း သမ္မတ ဇလန်းစကီးရဲ့ရုံးက ရုံးအုပ်ကြီး အန်ဒရီ ယာမာခ်က  ဒါဟာ အကြမ်းဖက်သမား တွေရဲ့ နောက်ထပ် တိုက်ခိုက်မှုတခေဖြစ်တယ်လို့ တယ်လီဂရမ်မှာ ရေးသားထားပါတယ်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဒွန်းနက်စ်ခ်နဲ့ လူ့ဟန့်စ်ခ်  ခရိုင်နှစ်ခု ပေါင်းကို ဒွန်းဘက်စ်ဒေသကြီးလို့ ခေါ်ပြီး စက်မှုလက်မှု ထွန်းကားတဲ့ ဒီဒေသကြီးဟာ စစ်မြေပြင်ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒီဒေသထဲမှာ ရုရှား လိုလားတဲ့ ခွဲထွက်ရေးသမားတွေ တစိတ်တပိုင်း လွှမ်းမိုးထားခဲ့ပြီး အခုတော့ ရုရှားက ဒွန်းဘက်စ်ဒေသကြီး တခုလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။ 

ရုရှားက ပြောနေတဲ့ အထူးစစ်ဆင်ရေးဆိုတာဟာလည်း ဒီဒွန်းဘက်စ် ဒေသထဲကနေ ယူကရိန်းအစိုးရတပ်တွေကို အပြီးတိုင် တိုက်ထုတ်ရေးဟာ အဓိက ကျနေပါတယ်။ 

ဒါပေမဲ့ လေးလကျော်ကြာနေပြီး ဖြစ်တဲ့ ရုရှားရဲ့ “ အထူးစစ်ဆင်ရေး” ဟာ ရှေးဟောင်းခေတ်ပုံစံ နယ်မြေသိမ်းပြီး ကိုလိုနီပြုဖို့ ကြိုးပမ်းတဲ့ ကျူးကျော်စစ်ဖြစ်တယ်လို့ အနောက်နိုင်ငံတွေက သတ်မှတ်ထားပါတယ်။

5 months Ago
Up