close

သင်္ကြန်အကြတ်နေ့

close

April 16, 2023

သင်္ကြန်အကြတ်နေ့ တရက်တည်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ၅၀ သေဆုံးဟု NUG ပြော

ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက် တပ်ဖွဲ့ဝင်အယောက် ၅၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၂၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး မုံရွာမြို့နယ်မှာတော့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို PDF တို့က ပစ်ခတ်တိုက် ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြင်းမူမြို့နယ်မှာလည်း တပ်စွဲထားတဲ့ စစ်ကောင် စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာတော့ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို PDF တို့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြပြီး ရေနံချောင်းမြို့နယ်မှာလည်း လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာတိုက်ပွဲအတွင်း စစ် ကောင်စီဘက်က ၇၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပြီး မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ နယ်မှာတော့ စစ်ကောင်စီကားကို PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေကို PDF တို့က ၄၀ မမနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာတော့ အကြမ်းဖက်စစ် ကောင်စီတပ်တွေကို PDF တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ ၁၁ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

11 mins Ago

April 15, 2022

ရန်ကုန်မြို့ သင်္ကြန်အကြတ်နေ့ မြင်ကွင်း (ဓာတ်ပုံ)

ရန်ကုန်မြို့မှာ ဧပြီ ၁၅ ရက် သင်္ကြန် အကြတ်နေ့မှာလည်း လုံခြုံရေးအထပ်ထပ်ကာရံထားတဲ့  မြို့တော်ခန်းမရှေ့နေရာကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပြည်သူတွေ ရေကစားတာမရှိဘဲ တမြို့လုံးလိုလိုမှာ ခြောက်ကပ်နေပါတယ်။

သင်္ကြန်အကြိုနေ့က လူတချို့ကို အမှိုက်သိမ်းကားတွေပေါ်တင်ပြီး မြို့တော်ခန်းမကို အကြိမ်ကြိမ်ပတ်ပြီး ရေပက်ခံခိုင်းခဲ့ပေမဲ့ ဒီနေ့ အကြတ်နေ့မှာတော့ အိမ်စီးကားတွေနဲ့ တင်ပြီး ရဲတွေက လိုက်မောင်းကာ ပတ်နေတာ မြင်တွေ့ရပါတယ်။

ဒီနှစ်သင်္ကြမှာ လူငယ်လူရွယ်တွေနဲ့ ပြည်သူတွေအများစုက တော်လှန်သင်္ကြန်ဆင်နွှဲပြီး ရေပက်ခံထွက်ကြတာ၊ ရေကစားကြတာ မရှိပေမဲ့  ပျော်ပါးချင်သူတချို့ကတော့   ရပ်ကွက်တွေထဲ ရေပက်ကြတာ ရှိပါတယ်။

1 year Ago

လေးကေ့ကော်မြို့သစ်တွင် သင်္ကြန်အကြတ်နေ့ တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်မှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ တပ်မနှစ်ခုနဲ့  KNLA၊ KNDO၊ PDF ပူးပေါင်းအဖွဲ့တွေအကြား မနေ့ညသန်းခေါင်ကျော်ကနေစတင်ပြီး   ဧပြီ ၁၅ ရက် မနက်အစောပိုင်းအထိ တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်မှ တပ်မ(၄၄) နဲ့ တပ်မ(၇၇)တို့  တပ်မနှစ်ခုပေါင်းပြီး KNLA  တပ်ရင်း၂၇ တပ်ခွဲ ၂ စခန်းတည်ရှိရာ မြဝတီမြို့ လေးကေ့ကော်မြို့သစ်တောင်ကုန်းကို ညသန်းခေါင်းကျော် ၁၂ နာရီခွဲလောက်မှာ ထိုးစစ် ပြုလုပ်ရာ KLNA တပ်ခွဲက  ပြန်လည်ခုခံတိုက်ခိုက်ခဲ့တဲ့အတွက်  စစ်ကောင်စီတပ်တွေ အထိခိုက်များပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ တိုက်ပွဲမှာဝင်တဲ့  KLNA  တပ်ဖွဲ့ဝင်က ပြောပါတယ်။   

စစ်ကောင်စီတပ်ဆုတ်ခွာချိန် KNLA  ဘက်မှက စနိုက်ပါ အသုံးပြုပစ်ခတ်တဲ့အတွက် စစ်ကောင်စီ တပ်သား ၂ ယောက်  သေဆုံးသွားတယ်ဆိုပေမဲ့ တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျ မသိရသေးပါဘူး။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသမှာ စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်လာရာက တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာ လနဲ့ချီကြာနေပြီဖြစ်ပြီး  စစ်ကောင်စီဘက်မှ အကျဆုံးများနေသလို မြေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ 

1 year Ago

လောင်းလုံးတွင် သင်္ကြန်အကြတ်နေ့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဧပြီ ၁၅ ရက် သင်္ကြန်အကြတ်နေ့က ကျောင်းသူ/ကျောင်းသားတွေဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုမှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီးအမျိုးသမီး၊ LGBTနဲ့ လူငယ်တွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အဲဒီလှုပ်ရှားမှုကို "အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ"ဆိုတဲ့ ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး  အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ရဲ့ ဦးခေါင်းရုပ်ပုံတွေကိုလည်း မီးရှို့ခဲ့ကြပါတယ်။

လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦးးက "စစ်ကောင်စီက ဒီနှစ်သင်္ကြန်ပွဲတော်လုပ်တာဟာ  သူတို့လက်အောက်မှာ ပြည်သူတွေ ပျော်ရွင်နေပါတယ်၊ ပုံမှန်တိုင်းဖြစ်နေပါတယ်ဆိုတဲ့ပုံရိပ်ကို နိုင်ငံတကာထံ လိမ်လည်ချပြဖို့အတွက်ပဲဖြစ်တယ်၊ အမှန်ကပြည်သူတွေက ဆင်းရဲဒုက္ခခံစားနေရကြောင်းကိုသိဖို့အတွက် သူတို့လုပ်တဲ့ သင်္ကြန်ကို သပိတ်မှောက် ဆန့်ကျင်ရပါမယ်"လို့ ပြောပါတယ်။

1 year Ago
Up