close

အစည်းအဝေး

close

March 13, 2023

မြောက်ကိုရီးယားအာဏာရပါတီ အစည်းအဝေး အရေးပေါ်ကျင်းပ

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း ဦးဆောင်တဲ့ အာဏာရပါတီအစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး အရေးကြီး လက်တွေ့ကျတဲ့ ဟန့်တားမှုဆိုင်ရာ အစီအမံတွေအကြောင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံက မတ် ၁၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ 

မတ် ၁၃ ရက်မှာ စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံအကြား ကြီးမားတဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု မတိုင်ခင်မှာပဲ ဒီအစည်အဝေး ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဒီစစ်ရေးလေ့ကျင့်မှုကပဲ မြောက်ကိုးရီးယားနိုင်ငံကို ဒေါသထွက် စေခဲ့တာ ဖြစ်နိုင်ပါတယ်။

နိုင်ငံပိုင်မီဒီယာမှာတော့ အစည်းအဝေးအတွင်း ဆွေးနွေးသွားတဲ့ စီမံချက်တွေကို အသေးစိတ် ဖော်ပြခြင်းမရှိတဲ့အပြင် အစည်းအဝေးကျင်းပခဲ့တဲ့ အချိန်ကိုတောင် ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

မြောက်ကိုးရီးယားနိုင်ငံဟာ အမေရိကန်နဲ့မဟာမိတ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့ အခါတိုင်း နီးပါးမှာ ပဲ့ထိန်းဒုံးကျည်မျိုးစုံကို အင်အားပြ ပစ်ခတ်လေ့ရှိပါတယ်။ 

ဒီတစ်ခေါက်မှာလည်း ဟန့်တားမှုဆိုင်ရာ အစီအမံတွေနဲ့အတူ မြောက်ကိုးရီးယားနိုင်ငံက ဘယ်လို တုံ့ပြန်ဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။ 

49 mins Ago

March 12, 2023

ဘာစီလိုနာအသင်းအဂတိမှုဖြင့် အရေးယူခံရမည့်ကိစ္စ ရီးရဲလ်မက်ဒရစ် အရေးပေါ် အစည်းအဝေးခေါ်

အဂတိလိုက်စားမှုနဲ့ ဘာစီလိုနာအသင်း အရေးယူခံရမယ့်အပေါ် ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းက အရေးပေါ်အစည်းအဝေး ခေါ်ယူထားပါတယ်။

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ  စပိန်ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း အင်ရီကေးနက်ဂရေယာဆီကို ပေါင် ၇ ဒသမ ၄ သန်း ပေးချေမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ စပိန်ပြည်သူ့အစိုးရရှေ့နေရုံးက စွပ်စွဲထားတာပါ။

အဲဒီအတွက် ဘာစီလိုနာအသင်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပြီး ပြစ်မှုထင်ရှားမယ်ဆိုရင် ဘဏ္ဍာရေးဆိုင်ရာပိတ်ပင်မှုတွေချမှတ်ခံရနိုင်ပါတယ်။

ဒါ့အပြင် အသင်းဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဘာတိုမြူနဲ့ ဆန်ဒရိုရိုဆဲလ်တို့အပြင် တခြားတာဝန်ရှိသူတွေကိုပါ အဂတိလိုက်စားမှုနဲ့ ၄ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်နိုင်တာပါ။

ဘာစီလိုနာအသင်းအရေးယူခံရမယ့် အခြေအနေနဲ့ ပတ်သက်ပြီး တနင်္ဂနွေနေ့မှာ အရေးပေါ် အစည်းအဝေးကျင်းပမယ်လို့ ပြိုင်ဘက် ရီးရဲလ်အသင်းဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ မက်ဒရစ်ကလပ်အနေနဲ့ သင့်တော်တဲ့ မှတ်ချက်တစ်ခု ထုတ်ပြန်သွားဖို့ ရှိပါတယ်။ 

1 day Ago
Up