close

အဆုံးစီရင်မှု

close

October 31, 2022

အင်္ဂလန်တောင်ပိုင်းရှိ ရွှေ့ပြောင်းစင်တာတွင် အမျိုးသား ၁ ဦး သတ်သေ

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်တောင်ပိုင်း ဒိုဗာဆိပ်ကမ်းမြို့မှာ အောက်တိုဘာလ ၃၀ ရက်က ရွှေ့ပြောင်း နေထိုင်သူတွေစာရင်းသွင်းတဲ့ စင်တာမှာ အမျိုးသားတယောက်က ဓာတ်ဆီဗုံးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ 

အမျိုးသားတယောက်ဟာ ဓာတ်ဆီ ဗုံး ၃ လုံးကို ပစ်ချခဲ့ပြီး တစ်လုံးက ပြုတ်ကျမသွားတဲ့အကြောင်း အဲဒီနောက် အနီးနားက ဓာတ်ဆီဆိုင်တစ်ဆိုင်ဆီ ကားမောင်းလာပြီး လည်ပင်းမှာ ကြိုးကွင်းကို ချည်လိုက်လိုက်ပြီးနောက်  သတ္တုတိုင်နဲ့ ချိတ်ရင်း ကားပေါ်မှ ဆင်းကာ သူ့ကိုယ်သူ သတ်သေခဲ့တာလို့ မျက်မြင် ရိုက်တာဓာတ်ပုံဆရာက ပြောပါတယ်။ 

ဒီဖြစ်ရပ်မှာ စင်တာထဲက လူ ၂ ယောက် ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ သေဆုံးသူ ဘယ်သူလဲဆိုတာ ဖော်ထုတ်တွေ့ရှိခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲက စုံစမ်းမေးမြန်းတာတွေ ဆက်လုပ်နေပါတယ်။

GB News ဂျာနယ်လစ်တဦးက လူမှုကွန်ရက် မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာ ဝန်ထမ်းတွေဟာ စင်တာရဲ့ အပြင်ဘက်နံရံမှာ လောင်နေတဲ့ မီးအနည်းငယ်ကို ငြှိမ်းသတ်နေတာကို တွေ့ရပါတယ်။

1 min Ago

August 3, 2022

မလေးရှားတွင် ချင်းအမျိုးသားတဦးက သားသမီးသုံးဦးအား တံတားပေါ်မှပစ်ချပြီး ခုန်ချအဆုံးစီရင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Middle Ring Road 2 (MRR2) အဝေးပြေးလမ်းကြီးရဲ့ တံတားပေါက်မှာ မြန်မာနိုင်ငံသား ချင်းအမျိုးသားတဦးက သူ့ကလေး ၃ ယောက်ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၂ ရက် မနက် ၅ နာရီ မိနစ် ၅၀ လောက် MRR2 အဝေးပြေးလမ်းမကြီးရဲ့ တံတားပေါ်ကနေ ကလေး ၃ ယောက် (ယောက်ျားလေးနှစ်ဦးနဲ့ မိန်းကလေးတဦး) ကို အရင်ပစ်ချပြီး ကိုယ်တိုင်ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသား Cholei ဟာ သူ့ကလေး ၃ ဦးဖြစ်တဲ့ သမီး Vadetisoh ၈ နှစ်၊ သား Vabiechose ၆ နှစ်နဲ့ Shadrah Vabiechopha ၃ နှစ်တို့ကို တံတားပေါ်ကနေ ပစ်ချပြီး ကိုယ်တိုင်လည်း ခုန်ချခဲ့တာလို့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

ကလေး ၃ ဦးထဲက အငယ်ဆုံး ၃ နှစ်အရွယ်သားကတော့ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆလာယန်းဆေးရုံကို ပို့ဆောင်ကုသပေးထားကြောင်း ဒေသခံရဲအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။

ကျန်တဲ့ အသက် ၈ နှစ်၊ ၆ နှစ်အရွယ် ကလေးတွေနဲ့ အသက် ၃၈ နှစ်အရွယ် ချင်းအမျိုးသားကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြား ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ရုပ်အလောင်းအားလုံး ကွာလာလမ်ပူဆေးရုံက မှုခင်းဆေးကုသရေးဌာနကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

3 months Ago
Up