အင်္ဂလန်တောင်ပိုင်းရှိ ရွှေ့ပြောင်းစင်တာတွင် အမျိုးသား ၁ ဦး သတ်သေ

ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်တောင်ပိုင်း ဒိုဗာဆိပ်ကမ်းမြို့မှာ အောက်တိုဘာလ ၃၀ ရက်က ရွှေ့ပြောင်း နေထိုင်သူတွေစာရင်းသွင်းတဲ့ စင်တာမှာ အမျိုးသားတယောက်က ဓာတ်ဆီဗုံးနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အမျိုးသားတယောက်ဟာ ဓာတ်ဆီ ဗုံး ၃ လုံးကို ပစ်ချခဲ့ပြီး တစ်လုံးက ပြုတ်ကျမသွားတဲ့အကြောင်း အဲဒီနောက် အနီးနားက ဓာတ်ဆီဆိုင်တစ်ဆိုင်ဆီ ကားမောင်းလာပြီး လည်ပင်းမှာ ကြိုးကွင်းကို ချည်လိုက်လိုက်ပြီးနောက် သတ္တုတိုင်နဲ့ ချိတ်ရင်း ကားပေါ်မှ ဆင်းကာ သူ့ကိုယ်သူ သတ်သေခဲ့တာလို့ မျက်မြင် ရိုက်တာဓာတ်ပုံဆရာက ပြောပါတယ်။
ဒီဖြစ်ရပ်မှာ စင်တာထဲက လူ ၂ ယောက် ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ သေဆုံးသူ ဘယ်သူလဲဆိုတာ ဖော်ထုတ်တွေ့ရှိခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရဲက စုံစမ်းမေးမြန်းတာတွေ ဆက်လုပ်နေပါတယ်။
GB News ဂျာနယ်လစ်တဦးက လူမှုကွန်ရက် မီဒီယာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာ ဝန်ထမ်းတွေဟာ စင်တာရဲ့ အပြင်ဘက်နံရံမှာ လောင်နေတဲ့ မီးအနည်းငယ်ကို ငြှိမ်းသတ်နေတာကို တွေ့ရပါတယ်။