close

အနားယူ

close

February 3, 2023

ပြင်သစ်လက်ရွေးစင်အသင်းမှ အနားယူကြောင်း နောက်ခံလူဗာရန်း ကြေညာ

ပြင်သစ်လက်ရွေးစင်အသင်းကနေ အနားယူကြောင်း နောက်ခံလူ ရာဖေးလ်ဗာရန်းက တရားဝင် ကြေညာသွားပါတယ်။

မန်ယူနောက်ခံလူဟာ အသက် ၂၉ နှစ်ပဲရှိသေးပေမယ့် နိုင်ငံအသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။

ပြီးခဲ့တဲ့လပိုင်းတွေကတည်းက အနားယူဖို့အတွက် ချင့်ချိန်စဉ်းစားခဲ့ပြီး ဒီအချိန်ဟာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ အချိန်ကောင်းဖြစ်ကြောင်း၊ ပြင်သစ်အသင်းရဲ့ အပြာရောင်ဂျာစီကို ဝတ်ဆင်ခွင့်ရခဲ့တာက အလွန်ဂုဏ်ယူစရာကောင်းပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံ ဆုဖလားရယူနိုင်ခဲ့တာဟာ ဘယ်တော့မှမေ့လို့မရနိုင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ဗာရန်းက ပြောပါတယ်။

ဗာရန်ရဲ့ အနားယူဖို့ ဆုံးဖြတ်ချက်အပေါ် လေးစားမှုရှိရမှာဖြစ်ပြီး  ဗာရန်းဟာပွဲစဉ်တိုင်းမှာ ခေါင်းဆောင်တစ်ဦးရဲ့ စိတ်ဓာတ်နဲ့ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ကြောင်း ပြင်သစ်နည်းပြ ဒတ်ရွန့်စ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဗာရန်းဟာ ၂၀၁၂ ခုနှစ်ကတည်းက ပြင်သစ်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအထိစုစုပေါင်း ၉၃ ပွဲကစားပြီး ၅ ဂိုးသွင်းယူခဲ့ပါတယ်။ 

15 mins Ago

January 14, 2023

ကွင်းလယ်လူ ဗန်ဒီဘိခ် ရာသီကုန်အထိ အနားယူရမည်ဟု နည်းပြတန်ဟတ်ဂ်အတည်ပြု

မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ နည်းပြတန်ဟတ်ဂ်ကအတည်ပြုသွားပါတယ်။

ဗန်ဒီဘိခ်ဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့လိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် နောက်ခံလူဆီနက်စီနဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာရခဲ့တာပါ။

ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတာကြောင့် ၆ လ လောက် အနားယူရမှာဖြစ်လို့ လာမယ့်နှစ်အတွက် ရာသီကြိုပွဲစဉ်တွေကစားချိန်ရောက်မှပဲ ပြန်ကစားနိုင်မှာပါ။

“ရေရှည်အတွက်ကြည့်ရတော့ ဒါက သူ့အတွက် အလွန်ကောင်းမွန်လာစေမှာပါ။ အသင်းသားအားလုံးက သူ့ကိုဝန်းရံသွားကြမှာပါ။ ကစားသမားနဲ့အတူ ထပ်တူစိတ်ပျက်ရပါတယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ဗန်ဒီဘိခ်ကတော့ အောင်မြင်စွာ ခွဲစိတ်မှုပြုလုပ်နိုင်ခဲ့ပြီး ဒဏ်ရာသက်သာလာအောင် စတင်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဝန်းရံပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့ပါတယ်။

3 weeks Ago
Up