ကွင်းလယ်လူ ဗန်ဒီဘိခ် ရာသီကုန်အထိ အနားယူရမည်ဟု နည်းပြတန်ဟတ်ဂ်အတည်ပြု

မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမယ်လို့ နည်းပြတန်ဟတ်ဂ်ကအတည်ပြုသွားပါတယ်။
ဗန်ဒီဘိခ်ဟာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့လိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် နောက်ခံလူဆီနက်စီနဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာရခဲ့တာပါ။
ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတာကြောင့် ၆ လ လောက် အနားယူရမှာဖြစ်လို့ လာမယ့်နှစ်အတွက် ရာသီကြိုပွဲစဉ်တွေကစားချိန်ရောက်မှပဲ ပြန်ကစားနိုင်မှာပါ။
“ရေရှည်အတွက်ကြည့်ရတော့ ဒါက သူ့အတွက် အလွန်ကောင်းမွန်လာစေမှာပါ။ အသင်းသားအားလုံးက သူ့ကိုဝန်းရံသွားကြမှာပါ။ ကစားသမားနဲ့အတူ ထပ်တူစိတ်ပျက်ရပါတယ်” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဗန်ဒီဘိခ်ကတော့ အောင်မြင်စွာ ခွဲစိတ်မှုပြုလုပ်နိုင်ခဲ့ပြီး ဒဏ်ရာသက်သာလာအောင် စတင်လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဝန်းရံပေးခဲ့ကြတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ဆိုရှယ်မီဒီယာကနေ အသိပေးခဲ့ပါတယ်။