close

အနိုင်ရလဒ်

close

November 7, 2022

ပြင်းပြသည့် စိတ်ဆန္ဒသာရှိခဲ့ပါက အနိုင်ရလဒ်ရနိုင်ဟု မန်ယူနည်းပြတန်ဟတ်ဂ်သုံးသပ်

ဗီလာနဲ့ပွဲမှာရှုံးနိမ့်ခဲ့ရတာဟာ လက်ခံနိုင်စရာကောင်းတဲ့ရလဒ်တော့ မဟုတ်ကြောင်းနဲ့ မန်ယူအသင်းသားတွေ အနေနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒသာ ရှိမယ်ဆိုရင် အနိုင်ရလဒ်ရနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

အက်စတွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို နည်းပြတန်ဟတ်ဂ်က မကျေမနပ်ဖြစ်နေပြီး ခံစစ်ပိုင်းမှာလည်း လိုက်နာရမယ့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ပြောပါတယ်။

နည်းပြတန်ဟတ်ဂ်က“ခံစစ်ပိုင်းက နည်းလမ်းတကျ မကစားနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတယ်။ ကစားသမားတွေအနေနဲ့ ကိုယ့်အလုပ်အပေါ် ရာနူန်းပြည့် စိတ်ဓာတ် ပြင်းပြမှုနဲ့ ချစ်မြတ်နိုးမှုသာရှိမယ်ဆိုရင် ကျနော်တို့နိုင်ပွဲရနိုင်ပါတယ်။ ကစားသမားတွေဟာ စက်ရုပ်တွေ မဟုတ်ကြဘူးဆိုတာ သိပေမဲ့ လက်ခံနိုင်စရာကောင်းတဲ့ရလဒ်တော့မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ ပွဲတိုင်းအတွက် အဆင်သင့် ဖြစ်နေဖို့လိုတယ်။ အလွယ်တကူအရှုံးမပေးသင့်ဘူး”လို့ ပြောပါတယ်။

မန်ယူအသင်းသားတွေအနေနဲ့ ဖြတ်တင်ဘောတွေပေးပို့ရာမှာ အရှိန်လွန်နေတာတွေများခဲ့ တာကိုလည်း အလွန်မိုက်မဲတဲ့စွမ်းဆောင်ရည်ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ 

Sport Tenhug says

3 mins Ago

အာဆင်နယ်အသင်း အနိုင်ရလဒ်နှင့်ထိုက်တန်ဟု ချဲလ်ဆီးနည်းပြပေါ်တာ ပြော

အာဆင်နယ်အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ပြီးရှုံးပွဲအတွက် ဆင်ခြေပေးစရာ မရှိကြောင်း ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်သည် အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး နည်းပြသစ်ပေါ်တာအတွက် ဖိအားများစေခဲ့ပါတယ်။

လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ကောင်းမွန်တဲ့ယုံကြည်မှုရနေတဲ့အသင်းဖြစ်ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း၊ ချဲလ်ဆီးအသင်းဟာ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာတွေရှိပြီး ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ နည်းပြအာတေတာနဲ့ နှစ်ရှည်လများစွာကတည်းက အတူလက်တွဲလာ တာဖြစ်ပြီး အခုမှစတင်ကိုင်တွယ်တဲ့ အခြေအနေမှာ ကွဲပြားခြားနားမှုတွေရှိကြောင်းလည်း နည်းပြ ပေါ်တာကပြောပါတယ်။

ချဲလ်ဆီးဟာ လန်ဒန်ဒါဘီမှာရှုံးပွဲတွေ့ခဲ့လို့ ထိပ်ဆုံးမှာဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၁၃ မှတ် အထိကွာဟ သွားခဲ့ရပါတယ်။

13 mins Ago

September 27, 2020

မန်ယူအသင်း အနိုင်ရလဒ်နှင့် မထိုက်တန်ဟု နည်းပြဆိုးလ်ရှားဝန်ခံ (ရုပ်သံဟိုက်လိုက်)

ဘရိုက်တန်နဲ့ပွဲမှာ မန်ယူနိုက်တက်အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်မှုမရှိခဲ့ဘူးလို့ နည်းပြဆိုးလ်ရှားက ဝန်ခံပြောကြားလိုက်ပါတယ်။  ဘရိုက်တန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နည်းပြ ဆိုးလ်ရှားက ဝန်ခံခဲ့တာပါ။  မန်ယူအသင်းဟာ ပွဲပြီးခါနီးအထိ ၂ ဂိုးစီသရေကျနေခဲ့ပြီး ကွင်းလယ်ဒိုင်က  ပွဲပြီးခရာမူတ်ပြီးချိန်မှ ပင်နယ်တီရဖို့ ဖြစ်လာခဲ့တာပါ။  နောက်ခံလူ မက်ဂွိုင်းယားက ဂိုးထဲကို ခေါင်းတိုက်သွင်းခဲ့ရာမှာ ဘရိုက်တန်တိုက်စစ်မှူး မက်ပေးရဲ့လက်နဲ့ထိခဲ့တာကြောင့် ပင်နယ်တီပေးဖို့  VAR ဒိုင် တွေက ဆုံးဖြတ်ခဲ့ပြီး ဖာနန်ဒက်စ်က အနိုင်ဂိုးသွင်းပေးခဲ့တာပါ။  ယူနိုက်တက်အသင်းအနေနဲ့  ချေပဂိုးပေးလိုက်ရချိန်မှာ သရေ တစ်မှတ်နဲ့သာ ထိုက်တန်ပြီး အဲဒီထက်ပိုတဲ့ အနိုင်ရလဒ်နဲ့ မထိုက်တန်ကြောင်း၊ ဒါပေမဲ့ အသင်းရဲ့အနိုင်မခံအရှုံးမပေးတဲ့ စရိုက်လက္ခဏာကတော့ အနိုင်ရလဒ်ထက် ပိုပြီးထိုက်တန်ခဲ့ တယ်လို့ နည်းပြဆိုးလ်ရှားက ပြောပါတယ်။  မန်ယူအသင်းဟာ အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့ကို ရှုံးနိမ့်ခဲ့တာကြောင့် ဘရိုက်တန်ကို အနိုင်ရခဲ့တာက အခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့ပါတယ်။ 
2 years Ago
Up