close

ပြင်းပြသည့် စိတ်ဆန္ဒသာရှိခဲ့ပါက အနိုင်ရလဒ်ရနိုင်ဟု မန်ယူနည်းပြတန်ဟတ်ဂ်သုံးသပ်

ဗီလာနဲ့ပွဲမှာရှုံးနိမ့်ခဲ့ရတာဟာ လက်ခံနိုင်စရာကောင်းတဲ့ရလဒ်တော့ မဟုတ်ကြောင်းနဲ့ မန်ယူအသင်းသားတွေ အနေနဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒသာ ရှိမယ်ဆိုရင် အနိုင်ရလဒ်ရနိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

အက်စတွန်ဗီလာကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို နည်းပြတန်ဟတ်ဂ်က မကျေမနပ်ဖြစ်နေပြီး ခံစစ်ပိုင်းမှာလည်း လိုက်နာရမယ့်စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း ပြောပါတယ်။

နည်းပြတန်ဟတ်ဂ်က“ခံစစ်ပိုင်းက နည်းလမ်းတကျ မကစားနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတယ်။ ကစားသမားတွေအနေနဲ့ ကိုယ့်အလုပ်အပေါ် ရာနူန်းပြည့် စိတ်ဓာတ် ပြင်းပြမှုနဲ့ ချစ်မြတ်နိုးမှုသာရှိမယ်ဆိုရင် ကျနော်တို့နိုင်ပွဲရနိုင်ပါတယ်။ ကစားသမားတွေဟာ စက်ရုပ်တွေ မဟုတ်ကြဘူးဆိုတာ သိပေမဲ့ လက်ခံနိုင်စရာကောင်းတဲ့ရလဒ်တော့မဟုတ်ပါဘူး။ ကျနော်တို့ အနေနဲ့ ပွဲတိုင်းအတွက် အဆင်သင့် ဖြစ်နေဖို့လိုတယ်။ အလွယ်တကူအရှုံးမပေးသင့်ဘူး”လို့ ပြောပါတယ်။

မန်ယူအသင်းသားတွေအနေနဲ့ ဖြတ်တင်ဘောတွေပေးပို့ရာမှာ အရှိန်လွန်နေတာတွေများခဲ့ တာကိုလည်း အလွန်မိုက်မဲတဲ့စွမ်းဆောင်ရည်ဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြစ်တင်ဝေဖန်သွားခဲ့ပါတယ်။ 

Sport Tenhug says

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up