အာဆင်နယ်အသင်း အနိုင်ရလဒ်နှင့်ထိုက်တန်ဟု ချဲလ်ဆီးနည်းပြပေါ်တာ ပြော

အာဆင်နယ်အသင်းဟာ အနိုင်ရလဒ်နဲ့ ထိုက်တန်ပြီးရှုံးပွဲအတွက် ဆင်ခြေပေးစရာ မရှိကြောင်း ချဲလ်ဆီး နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်သည် အာဆင်နယ်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီး နည်းပြသစ်ပေါ်တာအတွက် ဖိအားများစေခဲ့ပါတယ်။
လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ကောင်းမွန်တဲ့ယုံကြည်မှုရနေတဲ့အသင်းဖြစ်ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း၊ ချဲလ်ဆီးအသင်းဟာ အခွင့်အရေးကောင်းတွေကို အသုံးမချနိုင်ခဲ့တာတွေရှိပြီး ရလဒ်ပိုင်းနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိကြောင်း နည်းပြ ဂရေဟမ်ပေါ်တာက ပြောပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ နည်းပြအာတေတာနဲ့ နှစ်ရှည်လများစွာကတည်းက အတူလက်တွဲလာ တာဖြစ်ပြီး အခုမှစတင်ကိုင်တွယ်တဲ့ အခြေအနေမှာ ကွဲပြားခြားနားမှုတွေရှိကြောင်းလည်း နည်းပြ ပေါ်တာကပြောပါတယ်။
ချဲလ်ဆီးဟာ လန်ဒန်ဒါဘီမှာရှုံးပွဲတွေ့ခဲ့လို့ ထိပ်ဆုံးမှာဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ ၁၃ မှတ် အထိကွာဟ သွားခဲ့ရပါတယ်။