close

အမေရိကန်နှင့်ရုရှား

close

September 17, 2022

ကုလအစည်းအဝေး၌ အမေရိကန်နှင့် ရုရှား အရာရှိများ တွေ့ဆုံရန် မရှိ

လာမယ့်အပတ် နယူးယောက်က ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ အမေရိကန်အရာရှိတွေအနေနဲ့ ရုရှားအရာရှိတွေကို တွေ့ဆုံဖို့ အစီအစဉ်မရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖှီးလ်ဒ် က စက်တင်ဘာ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ရုရှားကို ယူကရိန်းက အနိုင်ရစေချင်ပြီး ဒေါ်လာဘီလီယံနဲ့ချီတဲ့ လက်နက်တွေ ယူကရိန်းကို ထောက်ပံ့ပေးထားပေမယ့် အမေရိကန်စစ်သားတွေနဲ့ ရုရှားစစ်သားတွေကြား တိုက်ရိုက် ထိပ်တိုက် တွေ့မှုမျိုး မဖြစ်စေချင်ဘူးလို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။ 

ဘိုင်ဒန်ဟာ စက်တင်ဘာ ၂၁ ရက်မှာ ပြုလုပ်မယ့် အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။ 

နောက်တပတ်မှာ ယူကရိန်းအကြောင်း ဆွေးနွေးစရာတွေ အများကြီးရှိပေမယ့် ယူကရိန်းအရေး တခုတည်း မဟုတ်ပဲ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှု၊ ကပ်ရောဂါရဲ့သက်ရောက်မှု၊ ကမ္ဘာ့တခြားနေရာတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ အဲဒီပြဿနာတွေအားလုံးကို ဆွေးနွေးသွားမှာပါ လို့ ဆိုပါတယ်။ 

အီရန်နျူကလီးယား သဘောတူညီချက်နဲ့ ပတ်သက်လို့ တွေ့ဆုံမှုတွေ ရှိမှာမဟုတ်ဘူးလို့ သောမတ်စ်-ဂရင်းဖှီးလ်ဒ်က သတင်းထောက်တွေကို ပြောပါတယ်။ 

၂၀၁၅ သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ဗီယင်နာမှာ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် မကြာမီကာလအတွင်းမှာ သဘောတူညီချက်ရဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန်အရာရှိတွေက အသိအမှတ်ပြုထားပါတယ်။ 

11 hours Ago

January 22, 2022

ဂျီနီဗာတွင် အမေရိကန်နှင့်ရုရှား ယူကရိန်းအရေး ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဘရော့ဗ်တို့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံကြား အဓိက ကွဲပြားခြားနားချက်တွေအပေါ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးမစခင်မှာ နှစ်ဖက်စလုံးက ယူကရိန်းကိစ္စ ချက်ချင်းပြေလည်နိုင်မှာ မဟုတ်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ တင်းမာမှု လျှော့ချနိုင်ဖို့သာ မျှော်လင့်ထားကြောင်း ပြောခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ယူကရိန်းပြဿနာအပေါ် နှစ်နိုင်ငံရဲ့ ကွဲပြားခြားနားနေမှုကို အခု ဆွေးနွေးပွဲမှာ ဖြေရှင်းနိုင်ဖို့ မျှော်လင့်မထားပါဘူး၊ ဒါပေမဲ့ သံတမန်ရေးလမ်းကြောင်းကတဆင့် ကြိုးစားဖို့နဲ့ ပွင့်လင်းတဲ့ဆွေးနွေးမှု ဆက်ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။ မတူညီမှုတွေအပေါ် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် လမ်းကို ဆက်လျှောက်ဖို့ ကတိကဝတ်ပြုရပါလိမ့်မယ်” လို့ စတင် ပြောခဲ့ပါတယ်။

ရုရှားက အိမ်နီးချင်းယူကရိန်းကို စစ်ရေးကျူးကျော်တိုက်ခိုက်လာနိုင်တဲ့အပေါ် အနောက်နိုင်ငံတွေကြား စိုးရိမ်မှု မြင့်မားနေစဉ်မှာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦး တွေ့ဆုံခဲ့တာပါ။

ရုရှားဘက်က ချက်ချင်းတိုက်ခိုက်မှုကို ငြင်းဆိုထားပြီး၊ ပူတင်အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေကို အနောက်နိုင်ငံတွေ မလိုက်လျောခဲ့ဘဲ  ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါက စစ်ရေးဆောင်ရွက်မှု ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

8 months Ago
Up