အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ်နဲ့ ဆွေးနွေးဖို့ ဇန်နဝါရီ ၃၀ ရက်မှာ အိုဆန် လေတပ်စခန်းကို ရောက်လာပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အော်စတင်ဟာ ဒေသတွင်း လုံခြုံရေးပတ်ဝန်းကျင် အားကောင်းအောင် ဆက်လက်ကြိုးပမ်းဖို့ ဖိလစ်ပိုင်ကို ဆက်သွားမယ်လို့ ပြောပါတယ်။
အော်စတင်ဟာ အင်္ဂါနေ့က သမ္မတယွန်း၊ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ် တို့နဲ့ ဆွေးနွေးပွဲခဲ့ကြတယ်လို့ ဒုတိယအကြီးတန်း အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ပြောကြားခဲ့ပြီး တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ရေး အစီအစဉ်ဟာ မရှိဘူးလို့လည်း ပြောပါတယ်။
အော်စတင်ဟာ ၆ ကြိမ်မြောက် တရားဝင်ခရီးစဉ်အဖြစ် ဆိုးလ်မြို့မှာ တနင်္လာနေ့ နှောင်းပိုင်း အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ပြီးနောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးခေါင်းဆောင် အဖွဲ့သစ်တို့နဲ့တွေ့ဖို့ ဖိလစ်ပိုင်နိုင်ငံကိုလည်း သွားမှာဖြစ်ပါတယ်။
“အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေး ပတ်ဝန်းကျင်က တနေ့ထက်တနေ့ ပိုရှုပ်ထွေးလာနေတယ်” လို့ တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးရဲ့ ရန်လိုတဲ့အပြုအမူကို ကိုးကားပြီး အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။
မဟာမိတ်စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြောက်ကိုရီးယားက မကြာသေးမီရက်တွေအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်ခဲ့ပြီးတဲ့နောက် အမေရိကန်လေတပ်က B-1B ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေကို အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေထဲက စစ်ရေးလေ့ကျင့်မှုတွေထဲမှာ တပ်ဖြန့် သုံးစွဲခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အောက်တိုဘာ ၃၁ ရက်ကစတဲ့ ‘Vigilant Storm’ လေကြောင်းစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၅ ရက်အထိ ၁ ရက် သက်တမ်းတိုးခဲ့ပါတယ်။
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗွီဒီယိုကို ရိုက်တာသတင်းဌာနက သီးခြားအတည်မပြုနိုင်ပါဘူး။
တောင်ကိုရီးယားက အမည်မသိ လေတပ်စခန်းတခုကနေ ဗုံးကြဲလေယာဉ်တွေ၊ F-35 နဲ့ F-16 တိုက်လေယာဉ်တွေ အပါအဝင် တခြား အမေရိကန်လေယာဉ်တွေနဲ့အတူ ဝေဟင်မှာ ပျံသန်းနေတာကို ပြသခဲ့ပါတယ်။
အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ဖို့ အမေရိကန်ဟာ B-1B ဗုံးကြဲလေယာဉ်တွေကို ၂၀၁၇ ခုနှစ်မှာ တပ်ဖြန့်ခဲ့ဖူးတယ်လို့ စစ်တပ်က ပြောပါတယ်။
အမေရိကန်ဟာ အောက်တိုဘာလ နှောင်းပိုင်းကတည်းက ဂူအမ်မှာ ဗုံးကြဲလေယာဉ်လေးစင်းကို သိမ်းဆည်းထားတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
လေယာဉ်တင်သင်္ဘောတွေ၊ နျူးကလီးယား ရေငုပ်သင်္ဘောတွေနဲ့ B-1B လို တာဝေး ဗုံးကြဲလေယာဉ်တွေ အပါအဝင် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေ ဖြန့်ကြက်ချထားရေး အရှိန်မြှင့်ဖို့ တောင်ကိုရီးယားက အမေရိကန်ကို တောင်းဆိုထားပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ရဲ့ ခြောက်ရက်ကြာ စစ်ရေးလေ့ကျင့်မှု အဆုံးသတ်သွားခဲ့တဲ့နေ့ဖြစ်တဲ့ နိုဝင်ဘာ ၅ ရက်က မနက် ၁၁ နာရီ ၃၁ မိနစ်ကနေ ၁၁ နာရီ ၅၉ မိနစ်ကြားမှာ မြောက်ကိုရီးယားဟာ တာတိုပစ် ပဲ့ထိန်းဒုံးကျည်လေးစင်းကို အနောက်ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။