close

အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ၂ ဦးဆွေးနွေး

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်ဟာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ်နဲ့ ဆွေးနွေးဖို့ ဇန်နဝါရီ ၃၀ ရက်မှာ အိုဆန် လေတပ်စခန်းကို ရောက်လာပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အော်စတင်ဟာ ဒေသတွင်း လုံခြုံရေးပတ်ဝန်းကျင် အားကောင်းအောင် ဆက်လက်ကြိုးပမ်းဖို့ ဖိလစ်ပိုင်ကို ဆက်သွားမယ်လို့ ပြောပါတယ်။

အော်စတင်ဟာ အင်္ဂါနေ့က သမ္မတယွန်း၊  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး လီဂျွန်ဆပ် တို့နဲ့ ဆွေးနွေးပွဲခဲ့ကြတယ်လို့ ဒုတိယအကြီးတန်း အမေရိကန် ကာကွယ်ရေး အရာရှိတဦးက ပြောကြားခဲ့ပြီး တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ နျူကလီးယားလက်နက်တွေ ဖြန့်ကျက်ရေး အစီအစဉ်ဟာ မရှိဘူးလို့လည်း ပြောပါတယ်။

အော်စတင်ဟာ ၆ ကြိမ်မြောက် တရားဝင်ခရီးစဉ်အဖြစ် ဆိုးလ်မြို့မှာ တနင်္လာနေ့ နှောင်းပိုင်း အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ပြီးနောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာနဲ့ သူ့ရဲ့ အမျိုးသားလုံခြုံရေးခေါင်းဆောင် အဖွဲ့သစ်တို့နဲ့တွေ့ဖို့ ဖိလစ်ပိုင်နိုင်ငံကိုလည်း သွားမှာဖြစ်ပါတယ်။

“အင်ဒို-ပစိဖိတ်ဒေသရဲ့ လုံခြုံရေး ပတ်ဝန်းကျင်က တနေ့ထက်တနေ့ ပိုရှုပ်ထွေးလာနေတယ်” လို့ တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးရဲ့ ရန်လိုတဲ့အပြုအမူကို ကိုးကားပြီး အမေရိကန် ကာကွယ်ရေး အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။

Up