close

အမေရိကန်လေယာဉ်တင်သင်္ဘော

close

October 6, 2022

အမေရိကန် လေယာဉ်တင်သင်္ဘော နေရာချထားမှုကို မြောက်ကိုရီးယား ရှုတ်ချ

ကိုရီးယားကျွန်းဆွယ်ရေပြင်မှာ အမေရိကန်လေယာဉ်တင်သင်္ဘောကို နေရာချထားမှုအတွက် ဝါရှင်တန်ကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်မှာ ကြေညာခဲ့ပြီးဒါဟာ အခြေအနေတည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာတယ်လို့ ဆိုပါတယ်။

ကြေညာချက်ထဲမှာ မြောက်ကိုရီးယားက ပြုံယမ်းရဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ တန်ပြန် တုံ့ပြန်ဆောင်ရွက်မှုတွေအကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ဆွေးနွေးမှုတွေအတွက် အမေရိကန်ကို ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

သူ့ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ မဟာမိတ်စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ် တုံ့ပြန်မှုဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဂျပန်နိုင်ငံအပေါ် မြောက်ကိုရီးယားက IRBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ USS ရော်နယ်လ်ရေဂင် သင်္ဘောကြီးနဲ့ သူ့ရဲ့စစ်သင်္ဘောအုပ်စုကို ရုတ်တရက် ပြန်လည် တပ်ဖြန့်ချထားခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ မကြာသေးမီက ပစ်လွှတ်မှုကို တုံ့ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ကြာသပတေးနေ့မှာ ပြုံယမ်းက ဂျပန်နိုင်ငံကို ဦးတည်ပြီး ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

3 mins Ago

March 16, 2022

ပင်လယ်ဝါအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘော လေကြောင်းစွမ်းရည်ပြသ

ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေ ပိုတိုးတင်းမာလာချိန်အတွင်း ပင်လယ်ဝါထဲမှာ အမေရိကန် လေယာဉ်တင်သင်္ဘောက လေကြောင်းစွမ်းရည် ပြသနေပုံကို အမေရိကန် စစ်တပ်က မတ်လ ၁၅ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
USS Abraham Lincoln လေယာဉ်တင်သင်္ဘော ကုန်းပတ်ပေါ်ကနေ တိုက်လေယာဉ်တွေ ပျံတက်နေပုံနဲ့ လေထဲမှာတင် လောင်စာဆီ ဖြည့်နေပုံတွေကို ပြသခဲ့တာပါ။
ကိုရီးယားအခြေစိုက် အမေရိကန်တပ် USFK က အရာရှိတွေလည်း ဒုံးကျည်စနစ်တခုနဲ့အတူ စစ်ရေးလေ့ကျင့်နေပုံတွေကို ရိုက်ကူးထားပါတယ်။ဒီစစ်ရေးလေ့ကျင့်မှုအတွက် သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်တာတော့ မရှိပါဘူး။
မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည်ပစ်လွှတ် စမ်းသပ်ချက်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အိုစန် လေတပ်အခြေစိုက်စခန်းမှာ လေကြောင်းရန်ကာကွယ်ရေး အမြောက်တပ်ခွဲက စွမ်းရည်ပြဖို့ ပိုတိုးလေ့ကျင့်နေတယ်လို့ USFK က ပြောပါတယ်။
မြောက်ကိုရီးယားဟာ မတ်လ ၁၆ ရက်မှာ အမျိုးအမည်မသိတဲ့ အရာတခုကို ပစ်ခတ် စမ်းသပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပစ်ခတ်အပြီး ချက်ချင်းပဲ မအောင်မမြင် ဖြစ်ခဲ့ပုံ ပေါ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
ဂျပန်မီဒီယာတွေကလည်း နျူကလီးယား လက်နက်ပိုင်ရှင် မြောက်ကိုရီးယားက ဒုံးကျည်လို့ သံသယရှိတဲ့ အရာတခု ပစ်လွှတ်ခဲ့ကြောင်း အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

7 months Ago
Up