အမေရိကန် လေယာဉ်တင်သင်္ဘော နေရာချထားမှုကို မြောက်ကိုရီးယား ရှုတ်ချ

ကိုရီးယားကျွန်းဆွယ်ရေပြင်မှာ အမေရိကန်လေယာဉ်တင်သင်္ဘောကို နေရာချထားမှုအတွက် ဝါရှင်တန်ကို ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်မှာ ကြေညာခဲ့ပြီးဒါဟာ အခြေအနေတည်ငြိမ်ရေးကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်လာတယ်လို့ ဆိုပါတယ်။
ကြေညာချက်ထဲမှာ မြောက်ကိုရီးယားက ပြုံယမ်းရဲ့ တောင်ကိုရီးယား-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ် ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ တန်ပြန် တုံ့ပြန်ဆောင်ရွက်မှုတွေအကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ဆွေးနွေးမှုတွေအတွက် အမေရိကန်ကို ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
သူ့ရဲ့ ဒုံးကျည်စမ်းသပ်မှုဟာ မဟာမိတ်စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ် တုံ့ပြန်မှုဖြစ်ကြောင်းလည်း ဆိုပါတယ်။
ဂျပန်နိုင်ငံအပေါ် မြောက်ကိုရီးယားက IRBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ USS ရော်နယ်လ်ရေဂင် သင်္ဘောကြီးနဲ့ သူ့ရဲ့စစ်သင်္ဘောအုပ်စုကို ရုတ်တရက် ပြန်လည် တပ်ဖြန့်ချထားခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ မကြာသေးမီက ပစ်လွှတ်မှုကို တုံ့ပြန်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးအပြီး ကြာသပတေးနေ့မှာ ပြုံယမ်းက ဂျပန်နိုင်ငံကို ဦးတည်ပြီး ပင်လယ်ထဲကို တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။