close

အယ်နာဆာ

close

January 23, 2023

အယ်နာဆာအသင်းအတွက် ရော်နယ်ဒို ပွဲထွက်ကစား

ဆော်ဒီကလပ် အယ်နာဆာအသင်းအတွက် ကစားတဲ့ ပွဲဉီးထွက်မှာ ရော်နယ်ဒို ဂိုးမသွင်းနိုင်ပေမဲ့ အသင်းက အနိုင်ရသွားပါတယ်။

တနင်္ဂနွေက ယှဉ်ပြိုင်သွားတဲ့ ဆော်ဒီပရိုလိဂ်ပွဲစဉ်မှာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းက ပြိုင်ဘက် အယ်လိတ်တက်ဖက်အသင်းကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာပါ။ အယ်နာဆာအတွက် အနိုင်ဂိုးကို ဘရာဇီးကွင်းလယ်ကစားသမား တယ်လစ်စကာက သွင်းယူပါတယ်။

ဒီပွဲမှာ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုက အသင်းခေါင်းဆောင်အဖြစ် ပွဲစဉ်အစအဆုံး အင်တိုက်အားတိုက် ယှဉ်ပြိုင်သွားပါတယ်။

ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းဟာ ဆော်ဒီ ပရိုလိဂ် အမှတ်ပေးဇယားကို ဉီးဆောင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့တပတ်က ပီအက်စ်ဂျီကို ၅ ဂိုး ၄ ဂိုးနဲ့ရှုံးတဲ့ ချစ်ကြည်ရေးပွဲစဉ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး အဲဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

အယ်နာဆာအသင်းဟာ အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားမှာ ၃၃ မှတ်နဲ့ ဦးဆောင်နေပြီး ဒုတိယနေရာကအသင်းကို တမှတ်ဖြတ်ထားနိုင်ပါတယ်။

3 mins Ago

December 21, 2022

နှစ်မကုန်ခင် ဆော်ဒီကလပ် အယ်နာဆာနှင့် ရော်နယ်ဒို တရားဝင်စာချုပ်ချုပ်ဆိုမည်

ရော်နယ်ဒိုဟာ အခုနှစ်မကုန်ခင်မှာ ဆော်ဒီကလပ် အယ်နာဆာအသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ပါသေးတယ်။

စပိန်သတင်းစာ မာကာရဲ့အဆိုအရ ရော်နယ်ဒိုဟာ အခုနှစ်မကုန်ခင်မှာ  အယ်နာဆာနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လစာနဲ့ ကြော်ငြာစာချုပ်တွေ အပါအဝင် တစ်နှစ်ကို ပေါင် ၁၇၅ သန်းအထိ ရရှိမယ်လို့ ဖော်ပြပါတယ်။

ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာရောက်ရှိနေပြီး ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ဆောင်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်း ဖြစ်ပြီး ပြင်သစ်နည်းပြ ရူဒီဂါစီယာက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

1 month Ago
Up