နှစ်မကုန်ခင် ဆော်ဒီကလပ် အယ်နာဆာနှင့် ရော်နယ်ဒို တရားဝင်စာချုပ်ချုပ်ဆိုမည်

ရော်နယ်ဒိုဟာ အခုနှစ်မကုန်ခင်မှာ ဆော်ဒီကလပ် အယ်နာဆာအသင်းနဲ့ တရားဝင်စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းဟောင်း ရီးရဲလ်မက်ဒရစ်မှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းခဲ့ပါသေးတယ်။
စပိန်သတင်းစာ မာကာရဲ့အဆိုအရ ရော်နယ်ဒိုဟာ အခုနှစ်မကုန်ခင်မှာ အယ်နာဆာနဲ့ စာချုပ်ချုပ်ဆိုမှာဖြစ်ပြီး လစာနဲ့ ကြော်ငြာစာချုပ်တွေ အပါအဝင် တစ်နှစ်ကို ပေါင် ၁၇၅ သန်းအထိ ရရှိမယ်လို့ ဖော်ပြပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာရောက်ရှိနေပြီး ကိုယ်ကာယ လေ့ကျင့်ခန်း လုပ်ဆောင်နေတဲ့ ဓာတ်ပုံတစ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
အယ်လ်နာဆာအသင်းဟာ ဆော်ဒီနိုင်ငံရဲ့ အအောင်မြင်ဆုံးအသင်းတစ်သင်း ဖြစ်ပြီး ပြင်သစ်နည်းပြ ရူဒီဂါစီယာက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။