close

အလွန်ဆို

close

August 20, 2022

အူဘာမီယန်းအတွက် နောက်ခံလူ အလွန်ဆိုကိုပါ ချဲလ်ဆီး အလိုက်ပေးကမ်းလှမ်း

ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းအတွက် ပေါင် ၁၅ သန်းအပြင် နောက်ခံလူ အလွန်ဆိုကိုပါ အလိုက်ပေးကမ်းလှမ်းထားတယ်လို့သိရပါတယ်။

ချဲလ်ဆီးနည်းပြတူဟယ်ဟာ လူကာကူနဲ့ တီမိုဗာနာတို့ကို ထွက်ခွါခွင့်ပေးခဲ့ပြီးနောက် တိုက်စစ်မှူးစစ်စစ်တစ်ဦးခေါ်ယူလိုနေပြီး အူဘာမီယန်းက နံပါတ်တစ်ပစ်မှတ်ကစားသမားပါ။

ဘာစီလိုနာအသင်းဘက်က ပေါင် ၂၁ သန်း အထိ အလိုရှိနေပေမယ့် ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖို့လိုအပ်နေလို့ ချဲလ်ဆီးရဲ့ကမ်းလှမ်းချက်ကို လက်ခံဖို့ရှိပါတယ်။

အသက် ၃၃ နှစ်ရှိ ဂါဘွန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ အာဆင်နယ်ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့သွားတာဖြစ်ပြီး သူဟာ နည်းပြတူဟယ်နဲ့ ဒေါ့မွန်အသင်းမှာ အတူ လက်တွဲခဲ့ဖူးပါတယ်။ 

2 hours Ago

August 7, 2022

ချဲလ်ဆီးနောက်ခံလူ အလွန်ဆို ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့မည်

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုဟာ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အသင်းလူစာရင်းကနေ နုတ်ထွက်သွားပါတယ်။

ဘယ်နောက်ခံလူနေရာမှာ ဘရိုက်တန်က ကူကူရယ်လာကိုခေါ်ယူလိုက်ပြီးနောက်မှာ ဘင်ချီဝဲလ်၊ အီမာဆင်၊ အလွန်ဆို အစရှိသဖြင့် တနေရာတည်းမှာပဲ ကစားသမား ၄ ဦးအထိရှိနေတာပါ။

ဒါကြောင့်လည်း  အလွန်ဆိုဟာ အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဗာတန်ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း လိုက်ပါ လာခြင်းမရှိခဲ့ပါဘူး။

အသက် ၃၁ နှစ်အရွယ်ရှိ  မားကို့စ်အလွန်ဆိုဟာ ချဲလ်ဆီးအသင်းဆီကို  ၂၀၁၆ ခုနှစ်ကတည်းက ရောက်ရှိလာသူဖြစ်ပြီး စုစုပေါင်းပွဲ ၂၀၀ ကျော် ကစားခဲ့ကာ ဆုဖလားအောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့ပါတယ်။  

2 weeks Ago
Up