အူဘာမီယန်းအတွက် နောက်ခံလူ အလွန်ဆိုကိုပါ ချဲလ်ဆီး အလိုက်ပေးကမ်းလှမ်း

5
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းအတွက် ပေါင် ၁၅ သန်းအပြင် နောက်ခံလူ အလွန်ဆိုကိုပါ အလိုက်ပေးကမ်းလှမ်းထားတယ်လို့သိရပါတယ်။
ချဲလ်ဆီးနည်းပြတူဟယ်ဟာ လူကာကူနဲ့ တီမိုဗာနာတို့ကို ထွက်ခွါခွင့်ပေးခဲ့ပြီးနောက် တိုက်စစ်မှူးစစ်စစ်တစ်ဦးခေါ်ယူလိုနေပြီး အူဘာမီယန်းက နံပါတ်တစ်ပစ်မှတ်ကစားသမားပါ။
ဘာစီလိုနာအသင်းဘက်က ပေါင် ၂၁ သန်း အထိ အလိုရှိနေပေမယ့် ကစားသမားတွေကို ပြန်လည်ရောင်းထုတ်ဖို့လိုအပ်နေလို့ ချဲလ်ဆီးရဲ့ကမ်းလှမ်းချက်ကို လက်ခံဖို့ရှိပါတယ်။
အသက် ၃၃ နှစ်ရှိ ဂါဘွန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ဇန်နဝါရီကမှ အာဆင်နယ်ကနေ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့သွားတာဖြစ်ပြီး သူဟာ နည်းပြတူဟယ်နဲ့ ဒေါ့မွန်အသင်းမှာ အတူ လက်တွဲခဲ့ဖူးပါတယ်။