WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660457181.9104208946228027343750', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)
အီတလီနိုင်ငံ Ravenna ဆိပ်ကမ်းမှာ သင်္ဘောကျင်းလုပ်သားတွေဟာ သြဂုတ် ၁၃ ရက်မှာ ယူကရိန်းမှ ပြောင်းတန်ချိန် ၁၃,၀၀၀ ကို သင်္ဘောကနေ ချနေကြပါတယ်။
အီတလီ အကောက်ခွန်နဲ့မိုနိုပိုလီ အေဂျင်စီ (ADM) ဟာ လုပ်သားတွေနဲ့အတူ တူရကီမှတစ်ဆင့် ရောက်ရှိလာတဲ့ ရိုဂျန်သင်္ဘောက ကုန်သေတ္တာကို ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု ဖြစ်နိုင်ခြေ ရှိ မရှိ စစ်ဆေးဖို့ နမူနာတွေကို စုဆောင်းခဲ့ပါတယ်။
စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၄ သိန်းခွဲ တင်ဆောင်လာတဲ့ သင်္ဘော ၁၆ စင်းဟာ သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာနိုင်စေရေး သဘောတူညီချက်အရ သြဂုတ်လအစောပိုင်းကတည်းက ယူကရိန်းဆိပ်ကမ်းတွေကနေ ရွက်လွှင့်လာခဲ့ကြောင်း ယူကရိန်း အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ မဝေးတော့တဲ့ အနာဂတ်မှာ တစ်လကို စပါးနဲ့ တခြား စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၃ သန်းကျော်ကို ပင်လယ်ရေကြောင်းကနေတင်ပို့မှု တိုးမြင့်လာဖို့ မျှော်လင့်ထားတာပါ။
ယူကရိန်းမှာ အရင်နှစ်က ကောက်ပဲသီးနှံ တန်ချိန် သန်း ၂၀ လောက် ကျန်ရှိနေပြီး အခုနှစ် စပါးရိတ်သိမ်းမှုမှာ တန်ချိန် သန်း ၂၀ ရှိကြောင်း ခန့်မှန်းထားပါတယ်။
ယူကရိန်း၊ ရုရှား၊ တူရကီနဲ့ ကုလသမဂ္ဂတို့ ဇူလိုင်လက လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူညီချက်ဟာ ရုရှားကျူးကျော်မှုကြောင့် ၅ လကြာ ရပ်ဆိုင်းခဲ့ရပြီးနောက် ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းတွေက စပါးတင်ပို့မှုကို ပြန်လည်စတင် ခွင့်ပြုခဲ့ပါတယ်။
ယူကရိန်း စပါးထောက်ပံ့မှု ဆုံးရှုံးခြင်းဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အငတ်ဘေး ဖြစ်ပွားမှုတွေ ကြုံလာရနိုင်တာကို စိုးရိမ်နေကြတာကြောင့် ပြီးခဲ့တဲ့လက တူရကီနဲ့ ကုလသမဂ္ဂတို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။
အီတလီနိုင်ငံတက်စ်ကာနီနဲ့ အီမီလီယာ ရိုမဂ္ဂနာ ဒေသ နယ်စပ်က တောင်ထူတဲ့ ဒေသမှာ ရဟတ်ယာဉ်တစီး ပျက်ကျအပြီး လူငါးဦး သေဆုံးတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။
ရဟတ်ယာဉ်ဟာ ရေဒါကနေ ပျောက်သွားပြီးတဲ့နောက် ဇွန် ၁၁ ရက်မှာ အလောင်းငါးလောင်း ရှာတွေ့ခဲ့တာလို့ တက်စ်ကာနီ ဒေသန္တရ အုပ်ချုပ်ရေးမှူး ယူဂျီနီယွန် ဂီယာနီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့တာပါ။
“ခရီးသည် ၂ယောက် ပျောက်ဆုံးနေပါတယ်၊ ရဟတ်ယာဉ်ဟာ တက်စ်ကာနီ ဒေသ လက္ကာမြို့ကနေ ဇွန် ၉ ရက်က ပျံတက်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း ထရီဗစ်ဆိုမြို့ဆီ ဦးတည် ပျံသန်းခဲ့တာပါ။ လမ်းမှာ တောတောင် ထူထပ်တဲ့ ဒေသအတွင်း ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင်ရအပြိး ရေဒါကနေ ပျောက်သွားခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ တူရကီ စီးပွားရေးသမား လေးယောက် အပါအဝင် လူ ၇ ယောက် လိုက်ပါလာခဲ့တာပါ။ သူတို့ဟာ တူရကီ စက်မှုလုပ်ငန်းစု အိက်စ်ဇာဂျီဘာစီရဲ့ လုပ်ငန်းခွဲ လူသုံးကုန်ပစ္စည်းဌာနက စီးပွားရေးသမားတွေဖြစ်ပြီး အီတလီမှာ စက္ကူနည်းပညာပြပွဲကို လာတက်သူတွေ” လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံး ခရီးသည် ၂ ယောက်ကတော့ လက်ဘနွန်နိုင်ငံသားတွေလို့ လက်ဘနွန် အစိုးရ သတင်းဌာန NNA က ဖော်ပြပါတယ်။