WordPress database error: [Incorrect key file for table './burmese_dvb_no/dvp_options.MYI'; try to repair it]
INSERT INTO `dvp_options` (`option_name`, `option_value`, `autoload`) VALUES ('_transient_doing_cron', '1660456498.4445979595184326171875', 'yes') ON DUPLICATE KEY UPDATE `option_name` = VALUES(`option_name`), `option_value` = VALUES(`option_value`), `autoload` = VALUES(`autoload`)

ယူကရိန်းမှ ပြောင်းတင်သင်္ဘော ၁စင်း အီတလီနိုင်ငံသို့ ပထမအကြိမ် ရောက်ရှိ – DVB
close

ယူကရိန်းမှ ပြောင်းတင်သင်္ဘော ၁စင်း အီတလီနိုင်ငံသို့ ပထမအကြိမ် ရောက်ရှိ

အီတလီနိုင်ငံ Ravenna ဆိပ်ကမ်းမှာ သင်္ဘောကျင်းလုပ်သားတွေဟာ သြဂုတ် ၁၃ ရက်မှာ ယူကရိန်းမှ ပြောင်းတန်ချိန် ၁၃,၀၀၀ ကို သင်္ဘောကနေ ချနေကြပါတယ်။ 

အီတလီ အကောက်ခွန်နဲ့မိုနိုပိုလီ အေဂျင်စီ (ADM) ဟာ လုပ်သားတွေနဲ့အတူ တူရကီမှတစ်ဆင့် ရောက်ရှိလာတဲ့ ရိုဂျန်သင်္ဘောက ကုန်သေတ္တာကို ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှု ဖြစ်နိုင်ခြေ ရှိ မရှိ စစ်ဆေးဖို့ နမူနာတွေကို စုဆောင်းခဲ့ပါတယ်။ 

စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၄ သိန်းခွဲ တင်ဆောင်လာတဲ့ သင်္ဘော ၁၆ စင်းဟာ သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာနိုင်စေရေး သဘောတူညီချက်အရ သြဂုတ်လအစောပိုင်းကတည်းက ယူကရိန်းဆိပ်ကမ်းတွေကနေ ရွက်လွှင့်လာခဲ့ကြောင်း ယူကရိန်း အခြေခံအဆောက်အအုံ ဝန်ကြီးဌာနက ဩဂုတ် ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းဟာ မဝေးတော့တဲ့ အနာဂတ်မှာ တစ်လကို စပါးနဲ့ တခြား စိုက်ပျိုးရေးထွက်ကုန် တန်ချိန် ၃ သန်းကျော်ကို ပင်လယ်ရေကြောင်းကနေတင်ပို့မှု တိုးမြင့်လာဖို့ မျှော်လင့်ထားတာပါ။ 

ယူကရိန်းမှာ အရင်နှစ်က ကောက်ပဲသီးနှံ တန်ချိန် သန်း ၂၀ လောက် ကျန်ရှိနေပြီး အခုနှစ် စပါးရိတ်သိမ်းမှုမှာ တန်ချိန် သန်း ၂၀ ရှိကြောင်း ခန့်မှန်းထားပါတယ်။ 

ယူကရိန်း၊ ရုရှား၊ တူရကီနဲ့ ကုလသမဂ္ဂတို့ ဇူလိုင်လက လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီသဘောတူညီချက်ဟာ ရုရှားကျူးကျော်မှုကြောင့် ၅ လကြာ ရပ်ဆိုင်းခဲ့ရပြီးနောက် ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းတွေက စပါးတင်ပို့မှုကို ပြန်လည်စတင် ခွင့်ပြုခဲ့ပါတယ်။ 

ယူကရိန်း စပါးထောက်ပံ့မှု ဆုံးရှုံးခြင်းဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကမ္ဘာ့နေရာ အနှံ့အပြားမှာ အငတ်ဘေး ဖြစ်ပွားမှုတွေ ကြုံလာရနိုင်တာကို စိုးရိမ်နေကြတာကြောင့် ပြီးခဲ့တဲ့လက တူရကီနဲ့ ကုလသမဂ္ဂတို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။  

//
Up