close

အီတလီနိုင်ငံတွင် ရဟတ်ယာဉ်ပျက်ကျ၊ ၅ ဦး သေဆုံးပြီး ၂ ဦးပျောက်နေ

အီတလီနိုင်ငံတက်စ်ကာနီနဲ့ အီမီလီယာ ရိုမဂ္ဂနာ ဒေသ နယ်စပ်က တောင်ထူတဲ့ ဒေသမှာ ရဟတ်ယာဉ်တစီး ပျက်ကျအပြီး လူငါးဦး သေဆုံးတယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ဇွန် ၁၁ ရက်မှာ ပြောပါတယ်။

ရဟတ်ယာဉ်ဟာ ရေဒါကနေ ပျောက်သွားပြီးတဲ့နောက် ဇွန် ၁၁ ရက်မှာ အလောင်းငါးလောင်း ရှာတွေ့ခဲ့တာလို့ တက်စ်ကာနီ ဒေသန္တရ အုပ်ချုပ်ရေးမှူး ယူဂျီနီယွန် ဂီယာနီက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့တာပါ။

“ခရီးသည် ၂ယောက် ပျောက်ဆုံးနေပါတယ်၊ ရဟတ်ယာဉ်ဟာ တက်စ်ကာနီ ဒေသ လက္ကာမြို့ကနေ ဇွန် ၉ ရက်က  ပျံတက်ခဲ့ပြီး နိုင်ငံမြောက်ပိုင်း ထရီဗစ်ဆိုမြို့ဆီ ဦးတည် ပျံသန်းခဲ့တာပါ။ လမ်းမှာ တောတောင် ထူထပ်တဲ့ ဒေသအတွင်း ဆိုးရွားတဲ့ ရာသီဥတုကို ရင်ဆိုင်ရအပြိး ရေဒါကနေ ပျောက်သွားခဲ့ပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ တူရကီ စီးပွားရေးသမား လေးယောက် အပါအဝင် လူ ၇ ယောက် လိုက်ပါလာခဲ့တာပါ။ သူတို့ဟာ တူရကီ စက်မှုလုပ်ငန်းစု အိက်စ်ဇာဂျီဘာစီရဲ့ လုပ်ငန်းခွဲ လူသုံးကုန်ပစ္စည်းဌာနက စီးပွားရေးသမားတွေဖြစ်ပြီး အီတလီမှာ စက္ကူနည်းပညာပြပွဲကို လာတက်သူတွေ” လို့ ကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပျောက်ဆုံး ခရီးသည် ၂ ယောက်ကတော့ လက်ဘနွန်နိုင်ငံသားတွေလို့ လက်ဘနွန် အစိုးရ သတင်းဌာန NNA က ဖော်ပြပါတယ်။

//
Up