close

အီရတ်နိုင်ငံ

close

December 8, 2021

အီရတ်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် ၄ ဦးသေဆုံး၊ ၂၀ ခန့် ဒဏ်ရာရ

အီရတ်နိုင်ငံ တောင်ပိုင်း ဘတ်စ်ရာမြို့လယ်မှာ ဒီဇင်ဘာ ၇ ရက်က ပေါက်ကွဲမှုကြောင့် လူ ၄ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂၀ လောက် ဒဏ်ရာရတယ်လို့ ရဲနဲ့ ဆေးရုံ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြို့ရဲ့ အဓိကဆေးရုံနားမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကားတစ်စီးထက်မနည်း မီးလောင်ခဲ့ပြီး မီနီဘတ်စ်ကား တစ်စီးလည်း ပျက်စီးခဲ့ပါတယ်။

ဖောက်ခွဲရေးပစ္စည်းတွေ တပ်ဆင်ထားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးကြောင့် ပေါက်ကွဲခဲ့တာလို့ အီရတ်စစ်တပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

နောက်ထပ် အသေးစိတ် အချက်အလက်တွေကို သိနိုင်ဖို့ အခင်းဖြစ်နေရာမှာ မှုခင်းပညာရှင်တွေ စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

9 mins Ago

July 20, 2021

ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာဈေးတွင် ပေါက်ကွဲမှုဖြစ်ပြီး လူ ၃၅ ဦးထက်မနည်း သေဆုံး

အီရတ်နိုင်ငံ မြို့တော်ဘဂ္ဂဒက်က ဆာဒါမြို့ လူစည်ကားရာ ဈေးထဲမှာ ဇူလိုင် ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့လို့ လူ ၃၅ ယောက်ထက်မနည်း သေဆုံးပြီး လူအယောက် ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

သေဆုံး ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါပြီး ဈေးဆိုင်တချို့ မီးလောင်ခဲ့တယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။

ဒီလုပ်ရပ်ကို ဘယ်သူကမှ တာဝန်မခံကြသေးပါဘူး။ ဒဏ်ရာရသူတချို့ အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပြီလို့ အီရတ် လုံခြုံရေးဌာန မီဒီယာတွေက ပြောပါတယ်။ 

ဒါဟာ ဘဂ္ဂဒက်မြို့ရဲ့ ရှီးယိုက် မွတ်စလင်ရပ်ကွက်တွေ အဓိကရှိရာ ဆာဒါမြို့ကို တတိယမြောက် ဖောက်ခွဲမှုပါ။ ဇွန်လ ဖောက်ခွဲမှုတုန်းက လူ ၁၁ ယောက် ဒဏ်ရာရပါတယ်။

ဇန်နဝါရီလက ဈေးထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ အသေခံ တိုက်ခိုက်မှုကြောင့် လူ ၃၂ ယောက်ထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

၂၀၁၇ ခုနှစ်မှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေ အရေးနိမ့်ပြီးကတည်းက တချိန်က အီရတ်မြို့တော်မှာ နေ့တိုင်းလိုလို ဖြစ်ခဲ့တဲ့ အကြီးစား ဗုံးခွဲတိုက်ခိုက်မှုတွေ လတ်တလော နှစ်တွေမှာ ရပ်တန့်ခဲ့ပါတယ်။

လုံခြုံရေးအခြေအနေ တိုးတက်လာခဲ့လို့ ဘဂ္ဂဒက်မြို့တော်မှာ ပုံမှန် လူနေမှုဘဝကို ပြန်ရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

5 months Ago
Up