close

၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ

close

March 14, 2022

ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲ ကျင်းပ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ပေကျင်းဆောင်းရာသီ မသန်စွမ်းအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲကို မတ် ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

မြို့တော်ပေကျင်းက အမျိုးသားအားကစားရုံမှာ ကျင်းပတဲ့ ပိတ်ပွဲမှာ ချစ်ခြင်းမေတ္တာဆိုတဲ့ သတင်းစကားကို ဖော်ဆောင်ခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်လို့ တခြားနိုင်ငံတွေက အားကစားသမားအဖွဲ့တွေက အိုလံပစ်ပွဲကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် ပွဲမစခင်မှာ နိုင်ငံတကာ မသန်စွမ်း အိုလံပစ်ကော်မတီ (IPC) က ရုရှားနဲ့ ဘဲလာရုစ် နိုင်ငံသား အားကစားသမားတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

ပွဲစကတည်းက ယူကရိန်း အားကစားအဖွဲ့ဟာ ရွှေတံဆိပ် ၁၁ ခုအပါအဝင် ဆုတံဆိပ် ၂၉ ခုနဲ့ အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရသွားခဲ့တာပါ။

အိမ်ရှင် တရုတ်နိုင်ငံကတော့ ရွှေတံဆိပ် ၁၈ ခု အပါအဝင် ဆုတံဆိပ် ၆၁ ခုနဲ့ ပထမနေရာကို ရခဲ့ပြီး ကနေဒါနိုင်ငံကတော့ ရွှေတံဆိပ် ၈ ခုနဲ့ တတိယနေရာကို ရခဲ့ပါတယ်။

8 mins Ago

February 5, 2022

၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် စတင်

ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ဖွဲအခမ်းအနား ဖေဖော်ဝါရီ ၄ ရက်  ညပိုင်း အစီအစဉ်မှာ ငှက်သိုက်အားကစားကွင်းရဲ့ ကောင်းကင်ယံမှာ မီးရှုးမီးပန်း အဆန်းအလှတွေ ဝေဖြာခဲ့ပါတယ်။

ပေကျင်းရဲ့ နာမည်ကျော် ငှက်သိုက်အားကစားကွင်းမှာ ရေခဲလမ်းတွေ နှင်းတုတွေနဲ့ ပုံဖော်ထားပြီး အနီရောင် ဝတ်စုံဝတ် စကိတ်စီးသမားတွေက  အားကစားပွဲတော်ဖွင့်ပွဲမှာ အလှပြခဲ့တာပါ။

၂၀၁၅ မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီက တရုတ်ကို ၂၀၂၂ အိမ်ရှင်အဖြစ်ကျင်းပဖို့ ရွေးချယ်ပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျတို့က အပြင်းအထန် ဝေဖန်ခဲ့တာပါ။ 

ယခု ဖွင့်ပွဲနဲ့ အားကစားပွဲတွေကိုလည်း အစိုးရကိုယ်စားလှယ်တွေ မစေလွှတ်ခဲ့ပါဘူး ကိုဗစ်ကပ်ဘေးနဲ့ လူ့အခွင့်အရေးဝေဖန်ခံရမှုတွေကြားမှာ ပြင်ဆင်ရခဲ့တဲ့ ၂၀၂၂ အိုလံပစ်ပွဲတော် အတွက် ဖွင့်ပွဲမှာ ရောင်စုံမီးရှုးမီးပန်းတွေ ပစ်လွှတ်ပြီး တရုတ်တို့ အောင်ပွဲခံပြခဲ့ပါတယ်။

1 month Ago
Up