၂၀၂၂ ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲတော် စတင်

ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပွဲတော် ဖွင့်ဖွဲအခမ်းအနား ဖေဖော်ဝါရီ ၄ ရက် ညပိုင်း အစီအစဉ်မှာ ငှက်သိုက်အားကစားကွင်းရဲ့ ကောင်းကင်ယံမှာ မီးရှုးမီးပန်း အဆန်းအလှတွေ ဝေဖြာခဲ့ပါတယ်။
ပေကျင်းရဲ့ နာမည်ကျော် ငှက်သိုက်အားကစားကွင်းမှာ ရေခဲလမ်းတွေ နှင်းတုတွေနဲ့ ပုံဖော်ထားပြီး အနီရောင် ဝတ်စုံဝတ် စကိတ်စီးသမားတွေက အားကစားပွဲတော်ဖွင့်ပွဲမှာ အလှပြခဲ့တာပါ။
၂၀၁၅ မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီက တရုတ်ကို ၂၀၂၂ အိမ်ရှင်အဖြစ်ကျင်းပဖို့ ရွေးချယ်ပြီးကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျတို့က အပြင်းအထန် ဝေဖန်ခဲ့တာပါ။
ယခု ဖွင့်ပွဲနဲ့ အားကစားပွဲတွေကိုလည်း အစိုးရကိုယ်စားလှယ်တွေ မစေလွှတ်ခဲ့ပါဘူး ကိုဗစ်ကပ်ဘေးနဲ့ လူ့အခွင့်အရေးဝေဖန်ခံရမှုတွေကြားမှာ ပြင်ဆင်ရခဲ့တဲ့ ၂၀၂၂ အိုလံပစ်ပွဲတော် အတွက် ဖွင့်ပွဲမှာ ရောင်စုံမီးရှုးမီးပန်းတွေ ပစ်လွှတ်ပြီး တရုတ်တို့ အောင်ပွဲခံပြခဲ့ပါတယ်။