close

Booster

close

January 12, 2022

ကာကွယ်ဆေးအာနိသင်ထိန်းဆေး အကြိမ်ကြိမ်ထိုးခြင်း ရေရှည်တုံ့ပြန်ချက်မဟုတ်ဟု အီးယူဆေး အဖွဲ့ပြော

ဆေးအာနိသင်ထိန်း ကာကွယ်ဆေးထိုးဆေးကို အချိန်တိုအတွင်း ထပ်ခါတလဲ ထိုးနှံတာဟာ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ရေရှည်တုံ့ပြန်ချက်မဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ဆေးဝါးကြီးကြပ်ရေး တရားဝင်အဖွဲ့ကြီး EMA က ဇန်နဝါရီ ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

ထိလွယ်ရှလွယ် အရှိဆုံးလူတွေအတွက် ဒုတိယမြောက် ဆေးအာနိသင်ထိန်း ထိုးဆေးဟာ မရှိမဖြစ် လုပ်ဆောင်ချက် ဖြစ်နိုင်ပေမဲ့ မကြာခဏ ထပ်ခါတလဲ ထိုးနေတာကတော့ ရေရှည်အတွက် အလားအလာကောင်း မဟုတ်ဘူးလို့ EMA ရဲ့ ကာကွယ်ဆေးဗျူဟာဆိုင်ရာဌာန အကြီးအကဲ မာကိုကာဗာလေရီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ထပ်ခါတလဲ ဆေးထိုးနေရင် ကျနော်တို့ဟာ ကိုယ်ခံအားတုံ့ပြန်မှုမှာ ပြဿနာရမယ့် အလားအလာနဲ့ အဆုံးသတ်သွားလိမ့်မယ်။ ကိုယ်ခံအားတုံ့ပြန်ချက်ဟာလည်း ကျနော်တို့ ဖြစ်ချင်သလို အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။” 

အစ္စရေးဟာ အိုမီခရွန်ဗီဇမျိုးကွဲ ကူးစက်မှုတိုးနေချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေနဲ့ ကိုယ်ခံအားပြဿနာရှိတဲ့ လူနာတွေ၊ အသက် ၆၀ နဲ့အထက် လူကြီးတွေအတွက် ဖိုက်ဇာ ဘိုင်အိုအန်တက်ခ် ကုမ္ပဏီထုတ် ထိုးဆေးကို လေးကြိမ်မြောက် ထိုးပေးဖို့ စီစဉ်ကြီးကြပ် နေပါပြီ။

4 mins Ago

December 17, 2021

ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးထားပါက အိုမီခရွန်ကာကွယ်နိုင်ဟု သမ္မတ ဘိုင်ဒင်၏ အကြံပေးပြော

အမေရိကန်သမ္မတရဲ့ ‌ဆေးဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖောက်ချီက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ကို တတိယအကြိမ် booster ကာကွယ်ဆေးထိုးခြင်းက ကာကွယ်ပေးနိုင်တယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့ရဲ့  booster ကာကွယ်ဆေးအာနိသင်က အိုမီခရွန်ကို ကာကွယ်နိုင်ပါတယ်။ အိုမီခရွန် သီးသန့်ကာကွယ်ဆေး မလိုပါဘူး”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဖောက်ချီက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က BioNTech and Pfizer ဆေးကုမ္ပဏီတွေကလည်း တတိယ အကြိမ်ကာကွယ်ဆေးက အိုမီခရွန်ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့ပြီး၊ နှစ်ကြိမ်ထိုးထားတာက ဗိုင်းရပ်စ်ကို အပြည့်အဝ ကာကွယ်မှုမပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ J&J ဆေးကုမ္ပဏီကတော့ ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ် အိုမီခရွန်အပေါ် တတိယအကြိမ်ကာကွယ်ဆေး စွမ်းဆောင်ရည်ကို တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။

ဓာတ်ခွဲခန် စမ်းသပ်မှုအရ အမေရိကန်က ခွင့်ပြုထားတဲ့ အဲဒီကာကွယ်ဆေးသုံးမျိုးစလုံးဟာ တခုချင်းအနေနဲ့ အိုမီခရွန်ကို ကာကွယ်ရာမှာ ထိရောက်မှု အပြည့်မရှိပေမဲ့၊ booster ကာကွယ်ဆေးကတော့ အများဆုံး ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြပါတယ်။ 

4 weeks Ago
Up