ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် Booster ထိုးထားပါက အိုမီခရွန်ကာကွယ်နိုင်ဟု သမ္မတ ဘိုင်ဒင်၏ အကြံပေးပြော

အမေရိကန်သမ္မတရဲ့ ဆေးဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖောက်ချီက ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ် အိုမီခရွန်ကို တတိယအကြိမ် booster ကာကွယ်ဆေးထိုးခြင်းက ကာကွယ်ပေးနိုင်တယ်လို့ အတည်ပြုပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ရဲ့ booster ကာကွယ်ဆေးအာနိသင်က အိုမီခရွန်ကို ကာကွယ်နိုင်ပါတယ်။ အိုမီခရွန် သီးသန့်ကာကွယ်ဆေး မလိုပါဘူး”လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဖောက်ချီက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က BioNTech and Pfizer ဆေးကုမ္ပဏီတွေကလည်း တတိယ အကြိမ်ကာကွယ်ဆေးက အိုမီခရွန်ဗိုင်းရပ်ကို ကာကွယ်ပေးနိုင်တယ်လို့ ပြောခဲ့ပြီး၊ နှစ်ကြိမ်ထိုးထားတာက ဗိုင်းရပ်စ်ကို အပြည့်အဝ ကာကွယ်မှုမပေးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ J&J ဆေးကုမ္ပဏီကတော့ ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ် အိုမီခရွန်အပေါ် တတိယအကြိမ်ကာကွယ်ဆေး စွမ်းဆောင်ရည်ကို တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။
ဓာတ်ခွဲခန် စမ်းသပ်မှုအရ အမေရိကန်က ခွင့်ပြုထားတဲ့ အဲဒီကာကွယ်ဆေးသုံးမျိုးစလုံးဟာ တခုချင်းအနေနဲ့ အိုမီခရွန်ကို ကာကွယ်ရာမှာ ထိရောက်မှု အပြည့်မရှိပေမဲ့၊ booster ကာကွယ်ဆေးကတော့ အများဆုံး ကာကွယ်ပေးနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြပါတယ်။