close

အကြမ်းဖက်စစ်အုပ်စုရိက္ခာတင် သင်္ဘောတစ်စီး ပစ်ခတ်ခံရ

ရွှေကူကနေ ဗန်းမော်ကို စစ်ရိက္ခာတွေတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာ တဲ့  "ပင်လုံ" သင်္ဘောဟာ မေလ ၁၆ ရက် မနက် ၇ နာရီဝန်းကျင်က ‌ရွှေကူမြို့နယ်ထဲက ဒုတိယ မြစ်ကျဉ်းအရောက်မှာ ကေအိုင်အေ တပ်ရင်း ၁၂ ရဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အဲဒီသင်္ဘောဟာ စစ်သားတွေနဲ့ စစ်ရိက္ခာတွေ တင်ဆောင်ကာ မန္တလေးဘက်ကနေ ဆန်တက်လာတာဖြစ်ပြီး မေ ၁၅ ရက် မွန်းလွဲ ၂ နာရီလောက် ရွှေကူသင်္ဘောဆိပ်မှာ ရပ်နားကာ မေ ၁၆ ရက် မနက် ၄ နာရီဝန်းကျင်က ရွှေကူကနေ ဗန်းမော်ကို ဆန်တက်ချိန်မှာ အခုလို ပစ်ခတ်တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

အဲဒီဖြစ်စဉ်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ကြပြီး ထိခိုက်ဒဏ်ရာရရှိမှု သတင်းအချက်အလက် အတည်မပြုနိုင်သေးဘဲ ပစ်ခတ်မှုတွေကြားက ဆန်တက်သွားတယ်လို့ ဆိုပါတယ်။

မနက် ၁၀ နာရီအချိန်အထိ ဒုတိယမြစ်ကျဉ်းအထွက် ဗန်းမော်မြို့နယ်ထဲက စာဝတီး ကျေးရွာ၊ ကောင်းတုံကျေးရွာပတ်ဝန်းကျင်မှာ ပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားဆဲဖြစ်တယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်ထဲမှာ ယခင်ကလည်း စစ်ရိက္ခာနဲ့စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ သင်္ဘောပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up