close

အကြမ်းဖက်စစ်အုပ်စုကို မင်းတပ်ပြည်သူနှင့်အတူ PDF တပ်များ ဝိုင်းဝန်းချေမှုန်းရန် တိုက်တွန်း

အင်အားသုံး တိုက်ခိုက်ခံနေရတဲ့ မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ပြီး အကြမ်းဖက်စစ်အုပ်စုကို တနိုင်ငံလုံးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပြောက်ကျားစနစ်နဲ့ ဝိုင်းဝန်းတိုက်ခိုက်ကြဖို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မင်းတပ်မြို့ကို မြေပြင် ဝေဟင်ထိုးစစ်နဲ့ အင်အားသုံး တိုက်ခိုက်နေတဲ့အပြင် အပြစ်မဲ့ပြည်သူနဲ့ကလေးတွေအပေါ် မတရားဖမ်းဆီးနှိပ်စက်ကာ လူသားဒိုင်းသဖွယ် လုပ်ပြီး တရားမဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အခုလိုလုပ်ရပ်တွေ ပပျောက်ရေး အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းတိုက်ထုတ်ဖို့ နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခုချိန်ကစလို့ ပြောက်ကျားတိုက်စစ် စတင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up