ယင်းမာပင်နှင့် ဆားလင်းကြီးဒေသခံ ကျေးလက်နေပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြ












စစ်အာဏာရှင်ကို နေ့စဉ်တော်လှန်လာခဲ့တာ ရက်ပေါင်း ၇၀ ရှိလာပြီဖြစ်တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ကျေးလက်နေပြည်သူ စုပေါင်းသပိတ်ဟာ မေလ ၁၉ ရက်နေ့မှာလည်း အင်အားကောင်းကောင်းနဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားမိဘတစ်ဦးက “တချို့သောပြည်သူတွေက ပတ်ဝန်းကျင်အခြေနေကိုကြည့်တာတွေ ခိုင်မာတဲ့ဆုံးဖြတ်ချက် အားနည်းတာတွေရှိနေတယ်။ စာသင်ကျောင်းတွေဖွင့်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီဟာ သူ့အလုပ်သူလုပ်နေတာဖြစ်သလို ပြည်သူတွေကလည်း ကျောင်းမထားဖို့က ကိုယ့်အလုပ်ဖြစ်တာကြောင့် ကိုယ့်အလုပ်ကို ပြတ်ပြတ်သားသားလုပ်ရဲရမယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျောင်းသူတစ်ဦးကလည်း “ ကျောင်းအပ်နှံကြေးပေးရတဲ့ငွေဟာ အကြမ်းဖက်စစ်ကောင်စီအတွက် လက်နက်ဝယ်ဖို့ထုတ်ပေးတာနဲ့တူသလို ကျောင်းတက်ရောက်တဲ့ သူတွေကလည်း အကြမ်းဖက်စစ်ကောင်စီနဲ့အတူ လူသတ်တဲ့သူတွေဖြစ်တယ်” လို့ ဆိုပါတယ်။
ဒီကနေ့ဆန္ဒပြပွဲမှာ လမ်းလျှောက်သပိတ်၊ ထိုင်သပိတ်တို့အပြင် ရှစ်မျက်နှာဘုရား သွားရောက်ကာ ဖမ်းဆီးခံအားလုံး အမြန်ဆုံးလွတ်မြောက်ရေးနဲ့ ဒီမိုကရေစီတောင်းဆိုရင်း ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် နှင်းဆီပန်းတွေနဲ့ ဆုတောင်းပေးခခဲ့ကြပါတယ်။