မိုးကုတ်မြို့က ဓာတ်ပုံဆရာနှင့် သူ့ညီကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီး

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ စစ်တန်းရပ်ကွက်မှာ မေလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဓာတ်ပုံဆရာ ကိုမင်းမင်းနဲ့ သူ့ညီ ကိုကျော်ဇေယျာထွန်းတို့ကို အကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာလာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုမင်းမင်းက မိုးကုတ်မြို့ အလှသစ်ဓာတ်ပုံဆိုင်က ဓာတ်ပုံဆရာ ဖြစ်ပြီး မိုးကုတ်မြို့က ဆန္ဒ ပြပွဲတွေမှာ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးလေ့ရှိသူဖြစ်ကာ သူတို့ ညီအစ်ကိုကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိရသေးပါဘူး။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေကို ဖမ်းဆီးတာ၊ လမ်းမှာစစ်ဆေးတာ၊ ညဘက်သေနတ်ဖောက်တာတွေအပြင် သံပုံးမတီးဖို့တွေပါ လိုက်လံ ပြောဆိုတာတွေ ပြုလုပ်နေပါတယ်။