close

ကချင်စစ်ဘေးရှောင်များအတွက် NUG အစိုးရက ထောက်ပံ့ကူညီ

ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက်  လူသားချင်းစာနာမှု အကူအညီတွေကို NUG အစိုးရလက်အောက်ရှိ  လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ၊ ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကချင်ပြည်နယ်ရှိ အိမ်ထောင်စု ၁၄၀ အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းနဲ့ထောက်ပံ့ပေးအပ်ကြောင်း လူသားချင်း စာနာထောက်ထားရေးနဲ့  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကချင်ပြည်နယ်စစ်ဘေးရှောင်တွေအတွက်  ခြင်ထောင်၊ မွေ့ယာ၊ တဘက်ပဝါ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံစတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းပါဝင်တဲ့  Hygiene kits တွေကို ဒေသခံအဖွဲ့အစည်းတွေက တဆင့် ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ ယာယီနေထိုင်နေကြတဲ့  ကျောင်းနေအရွယ်ကလေး အယောက် ၂၀၀ အတွက်လည်း ကျောင်းသုံးပစ္စည်း ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက် စတာတွေလည်း ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up